အခန်း - ၁၁၁ (ဒူဝူ)

Start from the beginning
                                    

သူ့မျက်နှာထား ပြောင်းလဲသွားသည်ကိုမြင်တော့ ဘေးနားရှိကုန်သည်များက အတော်အံ့ဩသွားကြကာ ပျော်စရာဖြစ်ရပ်ကို  ဝိုင်းအုံကြည့်ရှုလာကြသည်။ သို့သော် ဖုန်းလေက ချက်ချင်းပင် အဝတ်အိတ်ကိုပြန်ပိတ်လိုက်ကာ တောင်ဝှေးကို လှမ်းယူလိုက်ပြီး -

"စောနက ကျွန်ုပ် ရိုင်းပျမိသွားပါတယ်။ အခု အသင်တို့နှစ်ယောက် လျိုစန်းဓားပျံဂိုဏ်းဆီ လိုက်သွား​ြပီး အရောင်းအဝယ်ဆွေးနွေးဖို့ စိတ်ဝင်စားပါရဲ့လားခင်ဗျာ"

သွမ့်ပိုင်ယွဲ့လည်း ခေါင်းညိတ်လိုက်သည်။

"သေချာပေါက် စိတ်ဝင်စားတာပေါ့"

ကိုယ်ရံတော်များကလည်း အခြေအနေကို နားလည်သွားကြသည်ထင် ၊ ချက်ချင်းပင် ဝေါယာဥ်သွားစီစဥ်ပေးကြကာ သွမ့်ပိုင်ယွဲ့တို့နှင့် ဖုန်းလေအား ဂိုဏ်းသို့ခေါ်ဆောင်သွားကြသည်။ ဘာဖြစ်သွားမှန်း မသိလိုက်ပေမင့် ထိုအဝတ်ထုပ်ထဲတွင် အင်မတန်မှ ထူးခြားဆန်းကြယ်သောအရာရှိနေလိမ့်မည်ဟုတော့ ထင်ကြေးပေးကြသည်။ ထိုနေရာတွင် ကျန်ခဲ့သော ကုန်သည်ကြီးများကတော့ အမျိုးမျိုးအထွေထွေ ထင်မြင်ချက်ပေးကြကာ တိုးတိုးတိတ်တိတ် ​ပြောဆိုနေကြသည်။ ဘယ်အရာကများ လျိုစန်းဓားပျံဂိုဏ်း၏ ဒုခေါင်းဆောင်ကို ထိုမျှလောက် အံ့ဩသွားအောင် လုပ်နိုင်သလဲနော်။

****

ဝေါယာဥ်က လမ်းမကြီးနှင့် လမ်းသွယ်များတစ်လျှောက် ဖြတ်သန်းသွားကာ နောက်ဆုံးမှာတော့ မြို့ပြင်တစ်နေရာရှိ တောင်ပေါ်စံအိမ်ကြီးတစ်ခုသို့ ရောက်ရှိသွားကြသည်။ အတော်လေးပင် ခမ်းနားကြီးကျယ် ထည်ဝါလှသော်လည်း စံအိမ်အမည်ကို ထွင်းထုထားသော အမည်ပြားမရှိပေ။ ချူယွမ်ပြောပြခဲ့ဖူးသလိုပင်၊  ချူရှိန့်ရာထူးလျှောကျနိမ့်ဆင်းသွားသည့်နောက်ပိုင်း ဒီဂိုဏ်းကလည်း နာမည်မရှိ ဂုဏ်သတင်းနတ္ထိနှင့် ငြိမ်ဝပ်နေခဲ့ခြင်း​ြဖစ်မည်။

ထိုနှစ်ယောက်ကို ဧည့်ခန်းဆောင်ကြီးသို့ ခေါ်လာလိုက်ပြီးနောက် ဖုန်းလေကပြောသည်။

"အသင်တို့နှစ်ယောက် ဒီနေရာမှာပဲ လက်ဖက်ရည်သုံးဆောင်ရင်း စောင့်နေရစ်ပါ။ ခဏနေ ကျွန်ုပ် ဂိုဏ်းချုပ်ကြီးကို သွားရောက်ပန်ကြားပေးပါ့မယ်"

ဧကရာဇ်ဗျူဟာWhere stories live. Discover now