အပိုင်း-၂၅ .(အပိုင္း-၂၅)

4.2K 253 14
                                    

Unicode

"မင်းနာမည်ကစစ်မင်းရောင်နော်။"

ဖုန်းပြောပြီးလို့ သူ့အနားလျှောက်လာသော ဒုမန်နေးဂျင်းဆိုတဲ့သူမျက်နာကို စစ်မင်းရောင်မော့မကြည့်ရဲခဲ့ပါ။ ခေါင်းကိုရှေ့တည့်တည့်ကြည့်နေမိသည်။ ပထမဆုံးသောအလုပ်လာလျှောက်တာဖြစ်သောကြောင့် သူစိတ်လှုပ်ရှားနေသည်။

"ဟုတ်ပါတယ်ဗျ။"

စစ်မင်းရောင်ယဥ်ကျေးစွာပြန်ပြောလိုက်သည်။

"မင်းရဲ့personal fileမှာတော့ကိုယ်လိုချင်တဲ့အချကိအလက်တွေပြည့်စုံပါတယ်။"

ရင်းနှီးစွားကြားဖူးသောအသံတစ်ခုရယ်မို့ စစ်မင်းရောင်မျက်နာကိုမော့ကာ သူကိုအင်တာဗျူးနေသော မန်နေးဂျင်းဒါရိုက်တာကိုကြည့်မိလိုက်သည်။ ထိုလူရဲ့မျက်နာကို သူမြင်လိုက်တာနဲ့ အရမ်းအံ့သြလို့သွားခဲ့သည်။

"လင်း..."

သူအံ့သြစွာနဲ့အသံတို့တုန်ရီလို့နေသည်။ သူပဲအမြင်မှားလေသလားဆိုသောအတွေးကြောင့် မျက်စိနှစ်ဖက်ကိုလက်နဲ့ပွတ်သက်နေမိသည်။ သူအမြင်မမှားပါ။ သူ့ရှေ့တွင်ရပ်နေသူမှာ လင်းသာဖြစ်သည်။

"ဒါကမင်းအဖေပိုင်တာပေါ့ဟုတ်လား။"

"အွန်း ငါ့အဖေပိုင်တာ။ အခုတော့ငါတာဝန်ယူပေးနေရတာ။ ဒီအနားလေးကကော်ဖီဆိုင်သွားကြရအောင်။ ကိုစစ်နဲ့အေးဆေးစကားပြောချင်သေးတယ်။"

ဒီအနီးနားဆိုတဲ့ကော်ဖီဆိုင်မရှိပါ။ အနည်းငယ်အလှမ်းဝေးသည်။

"တက်လေကိုစစ်။"

အရင်ကလိုပင်အလိုက်သိတက်ပါသော လင်းသည်သူ့ကိုအမြဲဂရုစိုက်ဦးစားပေးလေ့ရှိသည်။
ကိုစစ်မျက်နာစူပုတ်ကာ သူဖွင့်ပေးထားသော ကားပေါ်သို့တက်လာခဲ့သည်။

"အခုထိစိတ်ဆိုးမပြေသေးဘူးလားကိုစစ်။"

လင်းသူ့ကိုစကားတွေအဆက်မပြတ်ပြောနေခဲ့ပါသော်လည်း တစ်ဖက်သို့သာမျက်နာမူထားသည်။
စစ်မင်းရောင်အလုပ်လာလျှောက်မိတဲ့companyဟာ လရောင်လင်းအဖေပိုင်ဆိုင်တဲ့အရာထဲကတစ်ခုလို့ဆိုရမည်။
Companyမှာလစ်လပ်နေတဲ့အတွင်းရေးမှုးနေရာကို သူဝင်လျှောက်ခဲ့ခြင်းဖြစ်သည်။

ဘေးအိမ်ကကိုလူချော(ေဘးအိမ္ကကိုလူေခ်ာ)(Unicode&Zawgyi) (Complete )Where stories live. Discover now