မခွဲအတူ

Start from the beginning
                                    

အရပ်ရှည်ရှည်နဲ့မို့ ခိုင်ခံ့မောင်က
ကြည့်ကောင်းတာထက်ပိုပါသည်။

အကဲခက်လို့ဝမှ ခွန်မြဲ
အုန်းနို့ခေါက်ဆွဲကို ငုံ့စားသည်။

အန်တီနု က ခိုင်ခံ့နှင့်ခွန်မြဲအတွက် နွားနို့တစ်ယောက်တစ်ခွက်စီနှင့် ခိုင်ခံ့ရှေ့တွင် ဖျော်ရည်တစ်ခွက်နှင့် ဘီစကစ်မုန့်တစ်ပန်းကန်လာချပေးသည်။

"အန်တီတို့ ကောလိပ်တက်တုန်းကဆိုရင်
သားမေက မြဲမုန့်လုပ်ကျွေးနေကျ
ခိုင်က ကိုယ့်အစ်မအရင်းလိုပါပဲ။"

ခွန်မြဲအမေက လူငယ်တစ်ယောက်လို သွက်သွက်လက်လက်ဆိုလာတော့ ခိုင်ခံ့ ပြုံးလိုက်မိသည်။

အန်တီနုက အသက်၄၀ အရွယ်မှာတောင်နာမည်နှင့်လိုက်အောင်နုနေဆဲပင်ဖြစ်သည်။

ဂျင်းစကတ်အရှည်နှင့် အင်္ကျီလက်ရှည်ကိုဝတ်ထားသဖြင့် ကလေးအမေဟုပင် ထင်ချင်စရာမရှိ။

မေမေက အေးသလောက် အန်တီနုက ထက်မြက် သွက်လက်သည်။

"မုန့်စားနော် သားခံ့...။
အန်တီအဝတ်တွေသွားလျှော်လိုက်ဦးမယ်

သားငယ်လေး နွားနို့လည်းကုန်အောင်သောက်နော်။"

အန်တီနုက ကျွန်တော်နှင့် ခွန်မြဲကို​ ပြောကာ
ထမင်းစားခန်းထဲကထွက်သွားသည်။

ကျွန်တော်နှင့်ခွန်မြဲလည်း စကားတပြောပြောနှင့် မနက်စာဆက်စားခဲ့ကြသည်။

______________________________________

"ခွန်မြဲ...ခုထိမထသေးဘူးလားကွ"

ခွန်မြဲဟိန်တစ်ယောက် ကျူရှင်သွားခါနီး သင်္ချာစာအုပ်ပျောက်၍ရှာနေခိုက် ခြံရှေ့မှ ခိုင်ခံ့မောင်၏အော်သံသည် သူ့အခန်းတွင်းထိ
ပျံ့လွင့်လာသည်။

"လာပြီကွ..."

ဘယ်လိုရှာရှာ ရှာဖွေ၍မရသောသင်္ချာစာအုပ်ကို
ခွန်မြဲ လက်လျှော့လိုက်ပြီး လွယ်အိတ်ကိုလွယ်ကာ၊ ခြေမျက်စိဖုံးနေသော ကျောင်းစိမ်းပုဆိုးကို မ,လျက် အခန်းထဲမှ ထွက်လာခဲ့တော့သည်။

ခိုင်မြဲစေလို...Where stories live. Discover now