"လုပ်မနေနဲ့ ဟိုဘက်ကလည်းအချောလေးတော့ သူမကိုမြင်ဖူးသလိုပဲ"

"ဟာ DJ. DDလေ နင်မသိဘူးလား နာမည်ကြီးတယ်ဟ. မာနကြီးတယ်သူက"

"သိသား သူ့လိုက်တာတောင် ကျွေးလွှတ်လို့ သွားကျိုးတဲ့ကောင်လေးတွေအများကြီး"

စင်အောက်ကပြောဆိုသံတေက အတိုင်းသားကြားနေရသည်။စစ်သည်လည်း သူ့ရှေ့ကကောင်မလေးအားတစ်ချက်ကြည့်လိုက်သည်။ သူ့ထက်တော်တော်ငယ်မည့်ပုံ။

မိုးပြာရောင်ဂါဝန်လေးအားဝတ်ထားသည်။ဂျိုင်းပြတ်ဂါဝန်ဖြစ်၍ လက်မောင်းသားလေးက ဝင်းအိနေအောင်မြင်နေရသည်။
လှိုင်းတွန့်တွန့် လာဗင်ဒါ ဆံချောင်းလေးကို ပန်းရောင်တစ်ကြောင်းcolorဖောက်ထားသည်။ကြည့်ရတာတော်တော်ခေတ်ရှေးပြေးမှန်းသိသာသည်။

သူမလေးကခုထိသူ့ကိုမကြည့်သေး။ဘေးကမွေးနေ့ရှင့်နှင်သာစကားပြောနေသည်။

"ကျစ် သက်ထားနင်ဘာလုပ်လိုက်တာလဲ ကဒ်ကိုငါ့လာပေးရသလား"

"ဟာ ငါပေးတာမှ မဟုတ်တာကို ဘယ်သူပေးမှန်းတောင်ငါမသိဘူး"

"စိတ်ရှုပ်တယ်"

"နင်ကလည်းဒါလေးကို စိတ်မဆိုးနဲ့နော်"

"အဟမ်း"

"ဟင်.....ဦး!"

စစ်သည်ချောင်းတစ်ချက်ဟန့်လိုက်သည့်အခါ သူမလေးက လှည့်ကြည့်သည်။ဟိုနေ့က မိန်းကလေး။

သွင်ရုတ်တရက် အံသြ သွားသည်။သူ့ရှေ့တွင်ရပ်နေသည်က သူ့ရဲ့အချေဦး။

သူမအဲ့သြလွန်းလို့ "ဦး" လို့တောင်ထွက်သွားသည်မလား။ဟိုကတော့ကြားဟန်မတူ။
သွင် ပျော်ရမလား ဝမ်းနည်းရမလားကိုမသိ။

"အဟမ်း ကိုစစ် Rose challenge ခေါ်တော့မယ်နော် တကယ်ပါ coupleတွေကလည်း တကယ့်အာဂတွေ"

"ဟုတ်ပါပီရှင့် အခုRoseခေါ်မယ့်Challengeက နှစ်ဦးသား စင်ပေါ်မှာ စုံတွဲ အက​ ကပေးရမှာဖြစ်ပါတယ် Rose အထင် နိုင်ရင် ဟိုနားမှာ ချထားတဲ့ စုံတွဲလက်ကောက်လေးတွေကို ရရှိမှာဖြစ်ပါတယ်"

"ဟင်"

"ဝိုး.....ဖြောင်း.....ဖြောင်း"

စစ်သည်စိတ်အိုက်သွားသည်။လည်ပင်းပေါ်က နက်တိုင်အားဖြေချလိုက်သည်။သူမလေးကတော့ ခပ်တည်တည်ပင်။ပုခုံးတစ်ချက်သာတွန့်ပြသည်။

ရူးခါနေအောင်ချစ်ရသူ(Completed)Where stories live. Discover now