သူယခုထိတိုင်သည်းခံနိုင်သောအရာအချို့

Start from the beginning
                                    

Gu JianShen ကဖြေးညှင်းစွာဖြင့်သူကြိုတင်၍ပြင်ဆင်ထားသော ပေါက်တကရလေးဆယ်တို့အားသွက်လက်စွာရွက်ပြ​၏
" သခင်လေး Chao Yan က ကိုယ်တို့မျိုးနွယ်စုရဲ့
မြင့်မြတ်သောသားငယ်လေးပါ သခင်လေးရဲ့
ခန္ဓာကိုယ်ကချူချာပြီး နေမကောင်းဖြစ်လွယ်တာကြောင့် အားအင်ပြန်လည်မွေးမြူရအောင်
WanXiu တောင်ကိုပို့လိုက်တာ "

အလိမ်ခံရသော Su Yu သည်အံ့ဩတုန်လှုပ်လျက် Shen QingXian အားပေကလက်ပေကလက်ဖြင့်အမေးပြု​၏ "တကယ်လား ? "

Shen QingXian ဟာGu JianShen သူရဲ့အင်္ကျီလက်အားပင့်တင်လိုက်တာကိုစောင့်လိုက်ပြီး ပြီးမှသူကအတည်ပြု​၏ "အင်း"

ဒီအခြေအနေမှာတော့ သံသယအနည်းငယ်တို့က
လုံးဝပျောက်ကွယ်သွားပြီ Su Yu ကအပြင်သူတွေကိုမယုံဘူး ဒါပင်မယ့် Chao Yan ကိုတော့တခဏလေးတောင်မှမယုံသင်္ကာမဖြစ်ဘူး ။

Gu JianShen  ကပိုပြီးတော့တောင်တက်ကြွလာပြီး
ဇာတ်လမ်းတောင်လုပ်ကြံပြောဆို​သေးသည်။
"ကြီးမြတ်သောအရှင်သခင်က ကိုယ်တို့ မျိုးနွယ်စု
ရဲ့သခင်ငယ်လေးက မနေ့ကလေ့ကျင့်ရေးအတွက်
တောင်ကနေထွက်ခွာသွားကြောင်းအသိပေးအကြောင်းကြားခဲ့တယ် အဲ့ဒါကြောင့် အကြီးအကဲက သခင်လေးကိုစောက်ရှောက်စေဖို့ကိုယ့်ကိုစေလွှတ်လိုက်တယ် "


Su Yu ကလည်းသူ့အားအလုံးစုံယုံကြည်နေပြီဖြစ်တယ် "အဲ့ဒါ...."

Shen QingXian ကတဒင်္ဂမျှတွေးဆလိုက်သော်လည်း ဒီအတိုင်းအလုပ်ဖြစ်နေသောကြောင့် သူဆိတ်ဆိတ်သာနေလိုက်​၏

Gu JianShen ကသူ့ရဲ့ခေါင်းအားညွှတ်လျက် သူ့ရဲ့လက်ထဲရှိပွေ့ဖက်ထားသောကလေးငယ်လေးအားကြည့်လျက် "သခင်လေး အစေခံ Qing Shen ပါ ."

နှလုံးသားပိုင်နက်ရဲ့နတ်ဆိုးဧက္ကရာဇ် JiuYuan
ကသူ့ရဲ့အစေခံ ?

လက်ခံတယ် အဲ့ဒီဟာကသူအခုထိတိုင်သည်းခံနိုင်သေးတဲ့အရာအချို့ဖြစ်တယ်

Shen QingXian ဟာတခစ်ခစ်ရယ်သွမ်းလိုက်ပြီး
မနှေးသောမမြန်သောအသံဖြင့်အမိန့်ပေး​၏
"ငါ့ကိုချပေး "  ကြီးမြတ်သောအရှင်သခင်က
လျှင်မြန်စွာပဲသူ့ရဲ့ဇာတ်ဆောင်ကာရိုက်တာဖြစ်တဲ့
"မြင့်မြတ်သောသခင်လေး" ဆိုတဲ့ကိုယ်နှုတ်အမူအရာဖြင့်သရုပ်ဆောင်​၏

Want to ascend ? Then fall in love  (MM translation)Where stories live. Discover now