"မောင် ငါ အခုအပေါ် ဆုံးထပ်မှာ စောင့်နေမယ်
အခုချက်ချင်း တက်လာခဲ့ "ဂျောင်း၀န်းလည်း ပြောချင်တာပြောပြီး ph ချလိုက်လေသည် ပြေးမတတ်ခြေလှမ်းများဖြင့် အပေါ်ဆုံးထပ်ဆီသို့ ..
မျက်နှာတွင်လည်း မျက်ရည်များအပြည့်
ချစ်ဖို့ကောင်းသော puppy eyes လေးများ ပျောက်ကွယ်ကာ ဒေါသခိုးများဝေနေလေသည်
နှုတ်ခမ်းကို ကိုက်ထားသည်မှာလည်း သွေးများပင် စို့သည့် အထိ အားလုံးနီးပါး ဝိုင်းကြည့်နေသော်လည်း ဂျောင်း၀န်းကတော့ မမှုအပေါ်ထပ်သို့ရောက်သောအခါ တွေ့ပါပြီ ရင်နှင့် ရင်း၍ ချစ်ရသောသူ သည် ဂျောင်း၀န်းဘက်ကို ကျောပေးထားသည့် အနေနှင့် ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ ရပ်နေလေသည်..
"မောင် ! "
အေးတိအေးစက် အသံမာမာနှင့် ဆောင့်ကာ လှမ်း၍ ခေါ်လိုက်သည် ... ဂျေး လည်း ဂျောင်း၀န်းရှိရာသို့ ပြေးလာပြီး ဂျောင်း၀န်းကို အဓိပ္ပါယ်ပေါင်း များစွာ ပါသော အကြည့်တို့နှင့် ကြည့်လိုက်လေသည်
ဂျောင်၀န်း အဲ့အဓိပ္ပါယ်တွေကို မသိချင်ပါ သိလည်း မသိရဲပါ သိဖို့အတွက် သတ္တိမရှိဘူးလို့ ပြောရင် ပိုမှန်ပါလိမ့်မည်
ဘာလဲ နောက်မှ ရောက်လာတဲ့ မိန်းကလေး တစ်ယောက်အတွက်ကြောင့် အခု သူက လမ်းခွဲပေးရမှာလား
ဟင့်အင်း လမ်းမခွဲပေးနိုင်ပါဘူး လုံး၀ပဲ
သူ ဂျေးကို သေမတတ် ချစ်တာ သူသာလျှင် အသိဆုံးမဟုတ်ဘူး သူ ဂျေးကို ပျော်အောင် မထားပေးနိုင်လို့ အခုလို ဖြစ်ရတာလေ သူမရှိမှ ပျော်မယ်ဆိုလည်း လမ်းခွဲပေးပါမယ်
စက္ကန့်ပိုင်းအတွင်း ဂျောင်း၀န်းခေါင်းထဲတွင် ရှုထောင့်ပေါင်းစုံမှ အတွေးပေါင်းများစွာသည် တသီတသန်းကြီး သူ့ထက်ငါ အပြိုင်၀င်လာသလို ဂျောင်း၀န်းကိုယ်တိုင်လည်း ဝေခွဲမရဖြစ်ကာ လွန်ဆွဲနေမိသည်
"ဘာလို့ အဲ့လောက်ထိ ငိုထားရတာလဲ ကွာ
နှုတ်ခမ်းကို ဘာလို့ သွေးထွက်အောင် ကိုက်ထားရတာလဲ ကလေးရယ် "
JE LEEST
𝐓𝐡𝐞 𝐖𝐨𝐫𝐥𝐝 𝐎𝐟 𝐔𝐬 ( Completed )
Part - 1 ( Unicode )
Start bij het begin