သူတို့က မှုခင်းဖြစ်ရာအဆောက်အဦးဟောင်းမှာ အတွဲတစ်တွဲကို တွေ့ခဲ့တယ်။ ဒါက သူတို့ညှင်းပန်းနှိပ်စက်မှုကို စတင်လုနီးပြီဖြစ်‌စေခဲ့ပြီး ထိုနှစ်ယောက်က အပြင်းအထန်ရုန်းကန်ခဲ့ကြတယ်.ဒါ‌ကြောင့် မိန်းကလေးကို အတင်းတွန်းလိုက််မိပြီး သူမခေါင်းပေါ် ချွန်ထက်တဲ့အရာတစ်ခုပြုတ်ကျပြီး သေဆုံးစေခဲ့တယ်.

မိန်းကလေးသေသွားတာကို မြင်တော့ ကောင်လေးက တန်ပြန်တိုက်ခိုက်ခဲ့တယ်. အဲ့ဒီတုန်းက လူတိုင်းက ဆေးအရှိန်ကြောင့်ရော ကြောက်စိတ်ကြောင့်ပါ ကောင်လေးကို ခဲလုံးနဲ့ဝိုင်းထုခဲ့ကြတာ ကောင်လေးသေသွားမှန်းတောင် သတိမထားမိခဲ့ကြဘူး.သူတို့က ဆေးရှိန်ကြောင့် လူသတ်မိခဲ့ကြပေမဲ့ ကျောင်းတွင်းအကြမ်းဖက်မှုကြောင့် လူနှစ်ယောက်သေဆုံးရတယ်လို့ သတင်းတွေပြန့်ခဲ့ကြတယ်.

အလောင်းဖျောက်ပစ်ဖို့ ဘယ်သူအကြံပေးခဲ့မှန်းတော့ ကျုံးရီသေချာမမှတ်မိဘူး. ဗီဒီယိုထဲမှာ အော်ဟစ်သံတွေနဲ့ ဆူညံနေတာမို့. ဘယ်သူကစမှန်း သေချာမသိရဘူး. ရှရွှမ်းက ထောင်ချခဲ့ပြီး ကျန်တဲ့လူတွေကိုတော့ ဖမ်းထားခဲ့တယ်.

အဖမ်းခံရတာနဲ့ပတ်သတ်ပြီး အင်အားကြီးမိသားစုတွေကတောင် ဘာမှမလှုပ်ရှားရဲခဲ့ဘူး.သူတို့က ရှေ့နေတွေငှားရမ်းပြီး ပြစ်ဒဏ်လျော့အောင်သာ လုပ်နိုင်ခဲ့ကြတယ်.. မိသားစုတွေဘက်က လူငယ်တွေဆေးသုံးမိပြီး လက်လွန်တဲ့ အမှုလို့ လျှောက်တင်ခဲ့ကြတယ်. မှုခင်းဌာနကတော့ မှတ်တမ်းတွေနဲ့ ရင်ခွဲရုံကစာတမ်းတွေအရ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ကျူးလွန်တာလို့ပဲ ဆုံးဖြတ်ခဲ့ကြတယ်.

ရဲတွေက နစ်နာသူမိသားစုတွေဘက်ကို သက်သေအနေနဲ့ ရုံးတက်ဖို့ရာ စည်းရုံးခဲ့ပေမဲ့ အင်အားကြီးမိသားစုတွေရဲ့ အရှိန်ဝါကြောင့် တွန့်ဆုတ်နေခဲ့ကြတယ်.

ဒါပေမဲ့ လူသတ်မှုဖြစ်နေတာကြောင့် ပြစ်ဒဏ်ကတော့ ပေါ့ပေါ့လျော့လျော့မဖြစ်ခဲ့ဘူး. ပြစ်ဒဏ်ချမှတ်ပြီးမကြာခင်မှာပဲ ရှရွှမ်းနဲ့ ကျုံးရီတို့ကို လူငယ်စိတ်ကျန်းမာရေးထောင်ကို ပို့ဆောင်ခဲ့ကြတယ်.


Final Boss Is No JokeTempat cerita menjadi hidup. Temukan sekarang