" အာ့..! ခင်များး...ကျွန်တော့်ကိုအရုပ်လိုပဲ ဟိုဘက်က,မလိုက် ဒီဘက်က,မ လိုက်နဲ့ ဟွန့်"

"....."

ရိပေါ်ရဲ့ စကားကို ပြန်မပြောနိုင်အောင် ပင် ဆူပုပ်နေတဲ့ မျက်နှာနှင့် Xiao Zhan ကြောင့် ရိပေါ်မှာ အလိုလိုနေရင်း စိတ်ထဲ ဘ၀င်မကျ။

*Why?? သူ ဘာအမှားလုပ်လိုက်လို့လဲ အဲ့မျက်နှာကြီးက ဆူပုပ်နေရအောင်*

"ကျန့်ကော ခင်များ မျက်နှာကြီးက ဘာလို့ဆူပုပ်နေရတာလဲ"

"...."

"ကျန့်...ကော"

အသံကို ဆွဲကာခေါ်လိုက်သော်လည်း စကားပြန်မလာ၊ ကားထဲပစ်မချရုံမယ် ထည့်ကာ တစ်နေရာရာကိုမောင်းသွားလေတော့သည်။

" ကျန့်ကော ဘယ်သွားမလို့လဲ"

"...."

အခုထိ စကားပြန်မလာသေးဘဲ ကားကိုပဲအာရုံစိုက်ကာမောင်းနေသောကျန့်ကောကြောင့် ရိပေါ်တင်းနေပြီ ။

စဉ်းစားကြည့်ရင် ပထမ သူ့ကို လိမ်တယ် ဒုတိယ အခုသူ့ကို စိတ်ဆိုးနေပြန်ပြီ

" ကိုကို ခင်များ အခုစိတ်ဆိုးနေတာဆိုရင် ကျွန်တော်က စိတ်ဆိုးနေရမှာမဟုတ်ဘူးလား နေရာမှားနေတယ်လို့ မခံစားမိဘူးလား"

ထိုစကားကြားမှ သူ့ အပြစ်သူသိသွားဟန်
ကိုကိုသည် မျက်နှာဆူပုပ်နေရာကနေ ပြန်ပြေသွားသော်လည်း သိပ်ပြီးတော့စိတ်မပြေသေးပုံရသည်။

*နေပေါ့ သူ့ပါသူ ဆူပုပ်နေနေမနေနေ ရိပေါ်နဲ့ ဘာဆိုင်တာမှတ်လို့
သူကတောင် ဆူပုပ်နေရင် ရိပေါ်လဲ ပြန်ထော်လိုက်မှာပေါ့ သူတစ်ယောက်ထဲစိတ်ဆိုးတက်တာကျနေတာပဲ*

" ကျန့်ကော ရောက်သေးဘူးလား ခင်များဘယ်ကိုမောင်းနေတာလဲ "

" ကဲ ကိုယ်တော်လေး ကားပေါ်ကနေပွစိပွစိပြောမနေနဲ့ ရောက်တော့မှာပါ"

" ကြာလိုက်တာမှပြောမနေနဲ့"

" ကဲ ပွစိပွစိလုပ်တာတော်တော့ ရောက်ပြီ"

" အင်း"

ရိပေါ်က ဒီတစ်ခါ အပွေ့ခံဘဲ သူ့ကိုသာတွဲစေလိုက်သည်။

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now