" တိတ်စမ်း!! ငါ က ဦးနှောက်မရှိတာမဟုတ်ဘူး ငါ့‌ဘေဘီလေးကိုကမူနေတာ မသိဘဲနဲ့ပြောမနေနဲ့ ငါ့ကိုပဲပြောမနေနဲ့ဦး  ထမင်းဘူးနဲ့တင် သာယာနေမနေနဲ့ လက်စုပ်လက်ကိုင် ပြနိုင်အောင်လုပ်"

" ထမင်းဘူး"

ရိပေါ်သူကြားလိုက်တဲ့ ထမင်းဘူး ဆိုတာကြောင့်သူတကယ်ပင် နားမလည်နိုင်
တော့။
ဘာတွေလုပ်ထားပြန်ပြီလဲ ဆိုတဲ့ အကြည့်နဲ့ ကျန့်ကောကိုကြည့်လိုက်တော့ ၊
အပြစ်လုပ်ထားတဲ့ယုန်လေးလို နားရွက်လေးကိုကုပ်လို့ မျက်စောင်းလေးထိုးလိုက်တော့ ရှေ့သွားလေးပေါ်အောင် ရယ်ပြသည်။

" ဒီလိုလေ ကောင်လေးရဲ့ ဒီကောင်က တစ်နေ့ ထမင်းဘူးတစ်ဘူး ကို နေ့တိုင်း Family gpပေါ် တင်ပြီး..အွန့်.. ဖယ်.."

သူ့ရဲ့အလိမ်မှန်သမျှ သူသာ ဖြေရှင်းချင်တာမို့ ရွှေကြိုလုပ်ချင်နေတဲ့ ယွီပင်းရဲ့ ပါးစပ်ကို လက်နဲ့ ပိတ်ကာ

" ပေါက်စီလုံးလေး အဲ့ကောင် စကားနားထောင်မနေနဲ့ "

" ဘာလို့နားမထောင်ရမှာလဲ အစ်ကို ပြော ဆက်ပြော ဘာဖြစ်လဲ"

" အင်း ဆက်ပြောမယ် ပြောမယ်.."

" တိတ်စမ်း ရတယ် မင်းပြောစမလိုဘူး ပေါက်စီလုံးလေး ကိုကို ပြောပြမှာမို့ သူ့ပြောတာကို နားမထောင်နဲ့နော်"

" Xiao Zhan ငါ ပြောလဲရတာကို ဘာတွေဘယ်လိုဖြစ်နေရတာလဲ"

" မင်းအပူပါလား"

"ကျန့်ကော ဘယ်လိုဖြစ်နေတာလဲ ကောင်းကောင်းမေးတဲ့သူကို ကောင်းကောင်းပြန်ဖြေမှပေါ့ဗျ"

" ပေါက်စီလုံးလေးက အခု ကိုကို ကိုဆူလိုက်တာလား"

"...."

"...."

ကလေးဆန်လွန်းစွာ နှုတ်ခမ်းဆူကာပြောလိုက်သော Xiao Zhan ကြောင့် ရိပေါ်ရော ယွီပင်းပါ စွံ့ အ နေကြလျက်...။

" တော်ပြီ ယွီပင်း ငါ့ပေါက်စီလုံးလေး ဘာမှမဖြစ်ဘူးမလား အဲ့ဒါဆိုသွားပြီ"

" မဟုတ်ဘူးလေ ဟိုဟာ လိမ်းဆေးတော့ပေးရမှာပေါ့ဟ"

" ရတယ် Nnurseဆီက တောင်းလိုက်မယ် "

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now