"အတိုင်မခံချင်ရင် ပြောတုန်းဖယ်လိုက်လေ။ မင်းက ဥက္ကဌကြီးကလွဲရင် ဘယ်သူ့ကိုကြောက်လို့လဲ"
"တော်ပီ ပြိုင်မငြင်းတော့ဘူး။ လာရင်းကိစ္စကိုပဲပြောတော့မယ်။ ဘာလို့ရုတ်တရက်ကြီးရှယ်ယာရှင် အစည်းအဝေးခေါ်တာလဲ"
"မသိဘူး"
"ဟုတ်လို့လား။ ဒီရက်တွေ ကုမ္ပဏီမှာမရှိလို့ ငါကမသိတာလေ။ မင်းကမသိဘူးဆိုတာဖြစ်နိုင်ပါ့မလား။"
"တကယ်မသိဘူးဆို ပြောခဲ့သလို ရုတ်တရက်ကြီးလုပ်တာလေ။ နောက်ပီး မင်းသိပ်သိချင်တယ်ဆိုရင် လာတဲ့နေရာမှားနေပီ။ ငါ့ဆီလာရမှာမဟုတ်ဘူး။ ဥက္ကဋ္ဌကြီးဆီကိုသွားမေးရမှာ။ တံခါးတောင်ခေါက်စရာမလိုဘူးလေ"
"မသိရင်လည်းပီးတာပဲ"
ထို့နောက်တွင်တော့ ဝမ်ရိပေါ်မှာ သူ၏အခန်းထဲမှာပြန်လည်ကာထွက်ခွာသွားလေတော့သည်။
"ဘယ်လိုလူလဲမသိဘူး။ ရုံးမှာတစ်ရက်လောက်ပဲနေရရင် အဲဒီတစ်ရက်ကို ငါ့ကိုဒုက္ခပေးလိုက်ရမှ။ အမြဲတမ်းအပြင်မှာပဲနေနေ ရင်ကောင်းမယ်"
_______________________________________
လူမသိသူမသိ မင်းကိုငါရှုံးခဲ့ဖူးတယ်ဆိုတာ မင်းသိရင် ငါ့ကို လှောင်ရယ်နေမလား........
(9 Jan 2021)
Unicode
အိမ်အပြန်လမ်း၌ ကားပေါ်တွင်သူ၏အတွေးများက အတိတ်၏အရှု့ံးဆီသို့ ရောက်ရှိသွားလေတော့သည်။ ဟုတ်တယ်...အရှုံး....ဝမ်ရိပေါ်ကိုယ်တိုင်တောင်မသိလိုက်ပေမဲ့ သူဝမ်ရိပေါ်ကို ရှုံးခဲ့ဖူးတယ်။ ထိုအချိန်ကတော့ သူ့တို့ရဲ့အထက်တန်းဒုတိယနှစ်တုန်းကပင်ဖြစ်သည်။ အထက်တန်းဒုတိယနှစ်မှာ သူတို့ကျောင်းကိုပြောင်းလာတဲ့ ကျောင်းသူသစ် ချိုယဉ်မေ ဆိုသည့်ကောင်မလေးမှာ ဝမ်ရိပေါ်ထံ သူ၏ ပထမဆုံး အရှုံးဖြစ်ခဲ့သည်။ စပြောင်းလာခါစက သူမအား သတိမထားမိခဲ့သော်လည်း စာကြည့်တိုက်၊ ကျောင်းအနောက်ဘက်ရှိခုံတန်းလေးများတွင် မကြာခဏတွေ့မြင်ရသည့်အခါ သတိထားမိလာတော့သည်။ ယဉ်မေဆိုသည့်ကျောင်းသူမှာ သူတို့ကျောင်းမှအခြားသောကျောင်းသူများနှင့်မတူ အေးဆေးတည်ငြိမ်ကာ စာတော်သောသူတစ်ယောက်ဖြစ်ပီး သူနှင့်လည်း အကျင့်စရိုက်အတော်လေးတူသည်ဟုပြောလို့ရသည်။ အမြဲလိုလိုတစ်ယောက်တည်းသာ နေတတ်သည့်သူမက ပတ်ဝန်းကျင်ကိုလည်း အလေးမထားတတ်ပေ။
YOU ARE READING
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...
Part 15
Start from the beginning
