"တံခါးခေါက်ရမယ်ဆိုတာတောင်မသိဘူးလား"
"ငါက ဥက္ကဌကြီးရဲ့ အခန်းသွားရင်တောင် တံခါးခေါက်တဲ့သူမဟုတ်ဘူး"
"ဥက္ကဌကြီးက မင်းအဖိုးလေ ငါက မင်းအဖိုးမှမဟုတ်တာ။ နောက်ဆိုရင် ငါ့အခန်းထဲကိုမဝင်ခင်တံခါးခေါက် နောက်ပီး ခွင့်ပြုချက်ရမှဝင်"
သူပြောနေတုန်း ဝမ်ရိပေါ်က ဂရုမစိုက်သည့်ပုံဖြင့် သူ၏အလုပ်စားပွဲခုံပေါ်တွင် တက်ထိုင်လိုက်သဖြင့်
"ဝမ်ရိပေါ် အခုချက်ချင်း ဆင်းစမ်း...ငါ့ရုံးခန်းမှာ နေချင်သလိုလာမနေနဲ့"
"မင်းရုံးခန်းဆိုပေမဲ့ Wang Group ကပိုင်တာလေ"
"အဲဒီလိုဆိုတိုင်း မင်းလုပ်ချင်သလိုလုပ်လို့မရဘူး....ဆင်း အခု"
မျက်မှောင်ကျုံ့၍ သူ့အားပြောလာသည့် ရှောင်ကျန့်အား ထပ်ကလိချင်သေးသဖြင့် ပေတေပီးစားပွဲပေါ်တွင်ထိုင်နေလိုက်သည်။ ဒီရက်တွေထဲ သူလုံးဝမအားသဖြင့် ရှောင်ကျန့်ဒေါသထွက်အောင်သိပ်မလုပ်နိုင်ခဲ့ဘူးမဟုတ်လား။ ထို့ကြောင့် အခုတွေ့တုန်းလေး ရှောင်ကျန့်မကြိုက်သည့်အရာများကို တမင်ရွေး၍လုပ်ခြင်းပင်ဖြစ်သည်။
"ဘယ်လိုလုပ်မလဲ မင်းကအတင်းဆင်းခိုင်းလေ ငါကလည်းထိုင်ချင်လေပဲ"
"မဆင်းဘူးပေါ့....ရတယ်လေ"
တစ်ခုခုကိုဆုံးဖြတ်လိုက်ပုံရသည့် ရှောင်ကျန့်က ရုံးသုံးတယ်လီဖုန်းအားကောက်ကိုင်လိုက်ပီး
"ဟဲလို ကျူးကျင်ရေ.. ဥက္ကဌကြီး ရှိလား? ဒီမှာ ဝမ်ရိ..ရိ..အွတ်"
ဥက္ကဋ္ဌကြီးရုံးခန်းသို့ ဖုန်းဆက်တိုင်တော့မည့်ရှောင်ကျန့်ကြောင့် သူလည်းထိုင်နေရာမှအလျှင်အမြန်ထသွားကာ ရှောင်ကျန့်ပါးစပ်အားလက်တစ်ဖက်ဖြင့်ပိတ်၍ နောက်လက်တစ်ဖက်ဖြင့်ဖုန်းအားလုယူကာ ချလိုက်လေသည်။ ဖုန်းချပီးသောအခါမှ ရှောင်ကျန့်မှ သူ့လက်အားအတင်းတွန်းဖယ်ကာ
"ဘာလို့ ငါ့ပါးစပ်ကိုလာအုပ်နေရတာလဲ"
"ကလေးလား တစ်ခုခုဆို ဥက္ကဌကြီးကိုလှမ်းပီးတိုင်နေရအောင်"
YOU ARE READING
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...
Part 15
Start from the beginning
