"ဘာလို့သူတို့နဲ့ အတူမပြန်တာလဲ။ ဟိုက တကူးတကတောင်လာကြိုတဲ့ဟာကို....နောက်ပီး ဘယ်လိုဖြစ်သွားလဲ ခုနက မင်းကို ပြဿနာရှာနေကြတာမဟုတ်ဘူးလား"
"ငါ့ကို ခေါင်းလာစားနေတာကို ငါကဒီအတိုင်းခံနေမယ်များထင်နေလား? ပလစ်ပလိုက်ပီ နှစ်ယောက်စလုံးကို....အဲဒီလိုတွေ့သွားတာ ပိုတောင်ကောင်းသွားသေးတယ်။ မဟုတ်ရင် တစ်ယောက်ချင်းဆီရှင်းထုတ်ရရင် ပိုအာရုံနောက်တယ်။"
'ဒါပဲလေ ဝမ်ရိပေါ်ဆိုတာ ဒီလိုလူစားမျိုးပဲဟာကို သူကဘာတွေများမျှော်လင့်မိသွားရတာပါလိမ့်...သူမတုန်းကလည်း ဒီလိုမျိုးပဲပြုမူခဲ့သည်မဟုတ်လား။ တစ်ပတ်တောင်ပြည့်အောင်ပင်မတွဲခဲ့ဘဲနှင့် သူမကိုရော သူ့အသည်းကိုပါ မျက်တောင်တစ်ချက်မခတ် ခွဲသွားခဲ့သည့်လူစားမျိုးပဲ ဝမ်ရိပေါ်ဆိုတာ'
သူတွေးနေမိတုန်း ဝမ်ရိပေါ်မှာ အိမ်ထဲသို့ဝင်နေရာမှ အနောက်သို့ပြန်လှည့်လာကာ
"ဒါနဲ့ မင်းကြောင့် အဌားကားအစုတ်နဲ့ လာလိုက်ရတာကို လုံးဝမကျေနပ်ဘူးနော်"
"ဖုန်းခေါ်ပါလား? အဲဒီလောက်တောင်မသိဘူးလား?'
"မသိတာကမင်း.....မင်းဖုန်းက စက်ဖွင့်ထားလို့လား?"
ဝမ်ရိပေါ်ပြောသည့်အခါမှ ဖုန်းဖွင့်ကြည့်မိသောအခါ တွေ့လိုက်ရသည်က
"ခုနလေယာဉ်ပေါ်မှာ airplane mood လုပ်ထားတာမဖြည်ရသေးဘူး"
"ဘယ်တော့မှ ဖုန်းခေါ်လို့မရဘူး"
"ငါ့ကိုခေါ်လို့မရရင် ဒရိုင်ဘာကိုခေါ်လိုက်ပါလား?"
"အလုပ်သမားတွေဖုန်းနံပါတ်ကအစ ငါကလိုက်မှတ်ထားရမှာလား?"
"အခုလည်း အိမ်ရောက်လာတာပဲမဟုတ်လား ဘာလို့ အဲဒီလောက်ရစ်နေရတာလဲ။ ပင်ပန်းရတဲ့အထဲ"
ပြောပီး ထိုနေရာမှသူပဲအရင်ထွက်လာလိုက်တော့သည်။ စိတ်ကြည်လင်မနေရသည့်အထဲ ထုံးစံအတိုင်း ဝမ်ရိပေါ်မှာ သူ့အားပြဿနာရှာလိုက်ရမှ စားဝင်အိပ်ပျော်ဟန်ရ၏။
---------------------------------------------------------------
ဂျပန်မှပြန်ရောက်ပီးသည့်အခါတွင်တော့ သူတို့၏နေ့ရက်များသည် ပုံမှန်သို့ပင် ပြန်လည်ကာရောက်ရှိသွားကြလေတော့သည်။ ဝမ်ရိပေါ်မှာလည်း သူ၏ဆောက်လက်စ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲသို့ ပြန်လည်ကာရောက်ရှိသွားသလို သူလည်းသူ၏ရုံးအလုပ်များနှင့် မအားလပ်နိုင်ပေ။ နှစ်ပတ်ကျော်ကြာပီးသွားသည့်အချိန်တွင်တော့ ကုမ္ပဏီမှ ရုတ်တရက်ကြီးရှယ်ယာရှင် အစည်းအဝေးခေါ်လာခဲ့လေသည်။ ထို့ကြောင့် အစည်းအဝေး တက်ရန်ရုံးခန်းထဲတွင်ပြင်ဆင်နေတုန်း သူ၏ ရုံးခန်းထဲသို့ ဝမ်ရိပေါ်မှာဝင်လာသဖြင့်
YOU ARE READING
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...
Part 15
Start from the beginning
