တရုတ်ရဲ့ ထိပ်တန်းမင်းသမီး ယူရီနဲ့ hollywood မှ နာမည်ကြီးမင်းသား ဂျိုးစ် တို့ ပူးပေါင်းသရုပ်ဆောင်ထားသည့် f(x) က မပြသခင်ထဲက နာမည်ကြီးနေတာဖြစ်သည်။

ကုမ္ပဏီ အတွက်လည်း အမြတ်အစွန်း များစွာ ရမည့်ကားဖြစ်သည်။

ထိုအချိန်က ယူရီ နှင့်ရှောင်းကျန့်ဟာ ချစ်သူတွေဖြစ်နေချိန်မို့ ရှုတင်ရှိရာဆီ ရှောင်းကျန့် တစ်ခါတစ်လေ သွားတတ်သည်။
(......) ရုပ်ရှင်ထုတ်လုပ်ရေးက တာဝန်ယူရိုက်ကူးထားပြီး ထိုကုမ္ပဏီတွင် ရှောင်းကျန့်အပါအဝင် ရှယ်ယာရှင်သုံးဦးရှိသည်။
ထိုကုမ္ပဏီ ကိုလက်ရှိတာဝန်ယူနေတဲ့ဥက္ကဌရှီက 40% ရှယ်ယာရှိပြီး ရှောင်းကျန့်နှင့် တစ်ခြားတစ်ယောက်က 30% ဆီဆိုပေမယ့် စီးပွားရေး လောကမှာ အောင်မြင်မှုတွေအများကြီးရှိနေတဲ့ ရှောင်းကျန့် ကို ဦးစားပေးသည်။
ပြီးတော့ ယူရီ က လက်ရှိမှာ ပရိတ်သတ်အခိုင်အမာရှိပြီး ထိုကားမှာ ပါဝင်ဖြစ်တာလည်းရှောင်းကျန့်ကြောင့်ဖြစ်သည်။

"ငါ မသွားဘူး ၊နက်ဖြန်ပွဲက ငါမပါလည်းဖြစ်တယ်။ မိတ်ဆုံစားပွဲကျမှ ငါတက်မှာလို့ ဟိုဘက်ကိုအကြောင်းပြန်လ်ိုက်!''

ကျိုးထွက်သွားတော့ ရှောင်းကျန့် စာပွဲကိုလက်ထောက်ကာ နားထင်ကို ဖိနှိပ်နေလိုက်၏.ယူရီနှင့်သူ မတွေ့ရတာ ငါးလနီးပါးကြာပြီဖြစ်သည်။
ယူရီက ရိုက်ကူးရေးတစ်ခုအတွက် နယူးဇီလန်က်ိုသုံးလလောက်သွားနေခဲ့ရသည်။ထိုမတိုင်ခင်ထဲက ရှောင်းကျန့်နှင့်က လမ်းခွဲ ခဲ့ပြီးသားပင်။

သူတို့နှစ်ယောက် ဟာ နေရာအသီးသီးမှာ နာမည်ရသူများဖြစ်သည့်အလျောက် တယောက်နဲ့တယောက်က ဆုံဖို့မလွယ်ကူ၊ ဒိတ်လုပ်သည့်အချိန်တိုင်း ခိုးကြောင်ခိုးဝှက်တွေ့ဆုံရသလို နှစ်ယောက်သားက အားလပ်ချိန်တောင်မရသဖြင့် ဖုန်းတောင်ကောင်းကောင်းမပြောအားချေ။ ဒါတွေက လမ်းခွဲခြင်းရဲ့အကြောင်းများစွာထဲက တချိူ့ ဖြစ်သည်။

သူဟာ ဆုံမှတ်တစ်ခုမှာ ရပ်နေခဲ့ပြီး ယူရီက သူ့ဆီလျောက်လာခဲ့သည်။ယူရီက အကြိမ်ပေါင်းများစွာ နောက်ပြန်ဆုတ်ပြီး အကြိမ်ပေါင်းများစွာ ပြန်လှည့်လာသည့်တိုင် သူကတော့ ထိုနေရာမှ ရွေ့မသွားခဲ့ချေ။ နောက်ဆုံးရှောင်းကျန့်ဘက်က နောက်ဆုတ်သွားချိန်မှာတော့ သူနှင့်ယူရီ ပြန်ဆုံဖို့ရာ မဖြစ်နိုင်တော့...

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now