"ဖေဖေ မင်းမင်းရဲ့ကိစ္စကို ဘယ်လို လုပ်ကြ
မလဲ...."

ခွန်းရည်ချို အပူတပြင်း ဆိုမိသည်။

"ဖေဖေ့ အသိမိတ်ဆွေ ရှေ့နေ
ရှိတယ်....သူက အရမ်းတော်တာ သူကူညီရင် ရနိုင်ကောင်းပါရဲ့..."

ဦးကျော်မောင် မှာ သူ၏ အငယ်ဆုံး သား တောမင်းတမန်  အပေါ် မေတ္တာ တရား အပြည့်အဝ မပေးနိုင်သည့်အတွက် နောင်တ ရနေခဲ့ရသည်။

ဘယ်လိုပင် သူ၏ သားငယ် ပြသနာ ရှာစေကာမူ အမြဲ နောက်ကွယ်ကနေ ဖြေရှင်းပေးခဲ့သည်။

အမြဲတမ်း မိမိမှာ အလုပ်နှင့် ရှုပ်ထွေးနေခဲ့သည့်အတွက် ဂရုမစိုက်အားခဲ့ပေ....။

သားသမီး သုံးယောက်ထဲတွင် သူအချစ်ဆုံးသည်ကား တောမင်းတမန် သာလျှင်ဖြစ်သည်။

ခွန်းရည်ချို ၏ မိခင်နှင့်လက်ထပ်ခဲ့ရသည်မှာ မိဘ သဘောတူ၍သာ ။

သူ မြတ်နိုးသည်က
တောမင်းတမန်  ၏ မိခင်ကိုသာဖြစ်သည်။

ထို့ကြောင့် သူမြတ်နိုးသူက မွေးဖွားပေးခဲ့သည့်ကလေးကိုလည်း သူ အလွန် ချစ်သည်။

သို့သော် ထိုကလေးမှာ သူ့ကို စေ့စေ့ပင်မကြည့်...။ မျက်နှာချင်းဆိုင် တွေ့လျှင်တောင် ရှောင်သွားလေ့ရှိသည်။

"ဖေဖေ.. မင်းမင်း ဒီတစ်ခါရှာတဲ့ ပြသနာ က မသေးဘူး....ဖေဖေ့ရဲ့ မိတ်ဆွေက အရမ်းတော်နေရင်တောင် စွမ်းနိုင်ပါ့မလားပဲ..သမီးလည်းတစ်ခြား အဆက်အသွယ်ရလိုရငြား ရှာကြည့်လိုက်ဦးမယ်...."

"သားငယ် ဘာမှ ဖြစ်လို့မရဘူး....သမီးကြီး စိတ်ပူမနေနဲ့တော့ ဖေဖေ သမီးမောင်လေးကို ဘာမှ မဖြစ်စေရအောင် ကာကွယ်ပေးမယ်...သမီး စိတ်မပူနဲ့..."

"ဖေဖေ ဒီလိုပြောတော့ သမီးနည်းနည်းတော့ စိတ်သက်သာရာ ရပြီ ..သမီးလည်း မောင်လေး ကို ဒီအမှုကနေ လွှတ်အောင် တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားမှာပါ..."

"ကောင်းပြီ...သမီးလည်း သွားအနားယူတော့...."

"ဟုတ်ကဲ့.....ပြောသာ ပြောရတာ အိပ်လို့တောင်ပျော်မယ်မထင်ပါဘူးဖေဖေရယ်...."

ခွန်းရည်ချို မျက်ဝန်းတို့မှာ ဝမ်းနည်းမှုတို့်က အထင်းသားပင်....။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Место, где живут истории. Откройте их для себя