ရှောင်ကျန့် မျက်လုံး ပြူးသွားသည်။
သူပြန်လို့မဖစ်ဘူးလေ ပြန်ရင် အန်တီလေးက
အမြင်ကြည်မှာ မဟုတ်ဘူး။အစထဲက အမြင်မကြည်တာ အခုနေပြန်သွားရရင်ပိုစိုးမှာ
ရှောင်ကျန့် ဘေးနားက ဝမ်တလုရဲ့ လက်ကိုဆွဲကာ မျက်နှာလေးငယ်ပြတော့.

"သားရယ် အစ်ကိုရှောင်းက စေတနာနဲ့ ပို့ပေးတာ
သားကျန့်ကလည်း ရောက်လာပီဆိုတော့ အားနာဖို့ကောင်းပါတယ်...
သမီး appleကလည်း တစ်ကယ်ကို အလုပ်မအားလို့နေမှာပါ...
ပါးကို စိတ်ညစ်အောင် မလုပ်စမ်းပါနဲ့...

"........

ရိပေါ် ဆီကဘာသံမှ မထွက်လာတော့လို့
ဝမ်တလု ပြုံးလိုက်တယ်။

"သားကျန့် ဒါသားရှောင့်စောက်ရမဲ့သူပဲ
ဝမ်ရိပေါ်လို့ ခေါ်တယ်

"တွေ့ရတာ ဝမ်းသာပါတယ် သခင်လေးဝမ်
ကျန့်...ကျွန်တော်က သခင်လေးဝမ်ကို စောင့်ရှောက်ပေးမဲ့ သူပါ...
ရှောင်ကျန့်လို့ ခေါ်ပါတယ်....

"သားကျန့် ရယ် သခင်လေးဝမ်လို့လုပ်​မနေပါနဲ့
သားက အခုမှ ကျောင်းပီးတာဆို သားကိုကိုနဲ့
၆နှစ် လောက်ပဲကွာမယ်ထင်တယ်
ရင်းရင်းနှီးနှီး ကိုကို လို့ပဲ ခေါ်ကြားလား....

"ဟုတ်...ဦးလေးဝမ်...

"ဒါဆို ဦးလေဝမ် သားကိုကို ကို သားကျန့်
လက်ထဲ ထည့်ခဲ့ပီနော်...

ဦးလေးဝမ်က ထိုသို့ပြောပီး အခန်းထဲကထွက်သွားသည်။ရောင်ကျန့် သူ့ရှေ့က နေကာမျက်မျန်တပ်ကာ လက်ပိုက်ထားပီး မျက်နှာတည်တည်နဲ့
လူကို ကြည့်ပီး ဘာလုပ်လို့ လုပ်ရမှန်းမသိ။
ရိပေါ်က ဒီဘက်ကို ကြည့်နေတာကြောင့် နည်းနည်းလန့်မိတယ်။

"ဟေ့ မင်း...မင်းအိမ်မင်းပြန်တော့..

"ဟင်...
မပြန်လို့မရဘူးလား...လေးရှောင်းက ဒီမှာနေပီး
ကိုကို့ကို ပြုစုပေးရမယ်တဲ့

"သူများခိုင်းလို့ လာတာမလား မလိုဘူး
ထွက်သွား မင်းအိမ် မင်းပြန်...

"ဟိုလေ...ကျန့်ကျန့် မပြန်လို့မရဘူးလား
ဒီအိမ်မှာ 6လလောက် ပေးနေပါလားဟင်
ကျန့်ကျန့် အိမ်အလုပ်တွေလဲ လုပ်နိုင်ပါတယ်
ကိုကို့ ကိုလည်း သေချာစောင့်ရှောက်ပါမယ်
ဒီမှာ ၆လလောက်ပဲ ပေးနေပါလား

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now