"သခင်ကြီး ဧည့်သည်ရောက်ပါပီ

"အေး အထုပ်ကို ဒီခလေးနေမဲ့ အခန်းထဲထည့်ပေးလိုက်...
သား လာထိုင်လေ အစ်ကိုရန်ကျင် ပြောထားလို့
သားကို စောင့်နေတာ...သားနာမည်က ရှောင်ကျန့်နော်...

"ဟုတ်ကဲ့ သခင်ကြီး ကားလမ်းနည်းနည်းပိတ်နေလို့ နောက်ကျသွားတာပါ

"ကိစ္စမရှိဘူး သားက အစ်ကိုရှောင်းရဲ့တူလေးဆို
အခုလို လာကူညီပေးတာကို ဦးလေးက ကျေးဇူးတင်ပါတယ်...
ရင်းရင်းနှီးနှီး ဦးလေးဝမ်လို့ခေါ် သား
ဒီမှာနေတဲ့ ကာလအတွင်း ဦးလေးတို့က မိသားစုပဲ ဟုတ်ပီလား...

ရှောင်ကျန့် တကယ်ပျော်သွားသည်။နေရာစိမ်းမှာ
လူစိမ်းတွေနဲ့တွေ့ရမှာမို့ ကြောက်နေသည်ကို
ဦးလေးဝမ်ရဲ့ဖော်ရွေမှုကြောင့် စိတ်သက်သာသွားသည်။

"ဟုတ် ဦးလေးဝမ် ကျန့်ကျန့် သေချာစောင့်ရှောက်ပေးပါမယ် ...

"ကဲဒါဆို သား​ကျန့်စောင့်ရှောက်ရမဲ့ ဦးလေးသားကို သွားတွေ့ကျမလား...
သားက နည်းနည်းတည်တည်နေတတ်တော့
စကားပြောတာလဲ နည်းနည်း တစ်မျိုးဖစ်နေရင်
သားကျန့်ကပဲ နားလည်ပေးပါ...

"ဟုတ် လေးရှောင်း သေချာမှာလိုက်ပါတယ်

"ကဲ ဒါဆို ဦးလေးနောက်က လိုက်ခဲ့ချေ..

__________________
________________<<<

"သားရေ ပါး ဝင်လာခဲ့မယ်နော်

ကုတင်ခေါင်းရင်းကို မှီကာ နေကာမျက်မှန်အနက်ရောင် တပ်ထားပီး ထိုင်နေသူကို ရှောင်ကျန့်
ဝမ်တလုရဲ့ အနောက်ကနေ ခိုးကြည့်မိတယ်။

"ပါး ဘာကိစ္စရှိလို့လဲ...

"အစ်ကိုရှောင်းက သားကို စောင့်ရှောက်ဖို့ဆိုပီး
သူ့တူလေးကို လွှတ်လိုက်တယ်..
သမီးapple က လာချင်ပေမဲ့ လုပ်လက်စ အလုပ်လေးတွေ မပြတ်သေးလို့ သားကျန့်ကို အရင်လွှတ်ပေးလိုက်တယ်....

ရိပေါ် နှုတ်ခမ်းတစ်ဖက် တွန့်ချိုးကာပြုံးမိတယ်။
.

"သူက မလုပ်ပေးချင်လို့ တစ်ခြားလူကို အစားထိုးတဲ့သဘောလား ပါး....
မလိုဘူး...ကျွန်တော့်အတွက်...ပြန်ခိုင်းလိုက်

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now