သူလဲ ထို ကလေးရှေ့သွားပြီ။

" ကလေးလေး စားချင်လို့လား"

ချစ်စရာ ဆံပင်ကောက်ကောက်လေးနှင့် အတော်လေးချစ်ဖို့ကောင်းသည်။

ခေါင်းလေးငြိမ့်ပြလာတာလေးက ချစ်စရာလေး အသည်းယားစွာ ဆံပင်ကောက်ကောက်လေးကို ဆွဲဖွမိတော့ အနောက်လေးရို့သွားကာ  မကြိုက်ဟန်။

သို့ပင်မဲ့ ဘာမှ မပြောဘဲ နှုတ်ခမ်းလေးဆူသွားသည်။

" စားချင်ရင် ကိုကိုက ကျွေးမှာပေါ့ ရော့ယူ"

အသာပြုံးပြကာ ပေးတော့ လက်သေးသေးလေးတွေနဲ့လှမ်းယူသည်။

တအားချစ်ဖို့ကောင်းတာပဲ..

" စားလို့ကောင်းလား"

လို့မေးတော့ ခေါင်းလေး ငြိမ့်ပြလာကာ သူ့ကို အာရုံမစိုက်ဘဲ ရေခဲမုန့် ကိုသာ အာရုံစိုက်နေသည်။

ပါးဖောင်းဖောင်းလေးတွေကိုဆွဲတော့
အစားပျက်သွားလို့ စိတ်တိုသွားဟန် မျက်စောင်းအသေးစားလေးထိုးလာသည်။

ချစ်ဖို့ကောင်းကောင်းလွန်းသည်။

အသည်းယားလွန်းလို့ ပါးဆွဲလိုက် ဆံပင်လေးဖွ လိုက်နဲ့  အမျိုးမျိုးစ နေတော့ ကလေးငယ်လေး ဟာ မကြိုက်ဟန်ပြပေမဲ့ ဘာမှတော့မပြော နှုတ်ခမ်းလေးဆူလိုက် မျက်စောင်းလေးထိုးလိုက်နဲ့ တ  စစ နဲ့ ဆူပုပ်လာတာလေးက လွဲ၍ ဘာမှတော့မတုံ့ပြန်...။

ထိုအဖြစ်အပျက်အစုံကိုမြင်ကာ ကြက်သေ သေနေတဲ့သူဟာတော့ Mike ပင်။

သူ့သားလေးဟာ သူက လွဲရင် တခြားသူကို အဖက်မလုပ်ရုံမက အကြည့်ပင် မစွံတက်ပေ။ တကယ့် အချေကိုယ်တော်လေးဆိုရင်လည်းမမှားပေ။

ကြောင်တောင်တောင်နဲ့ သူတို့နားရောက်လာတဲ့ ရေခဲမုန့် ၀ယ်တဲ့သူကိုကြည့်ကာ အသိမရှိပုံ တစ်ခုခုကို ထူးဆန်းစွာ လက်မခံနိုင်ဟန်။

အတော်လေး အူကြောင်ကြောင်နိုင်တဲ့လူပဲ ပြောတော့ ကလေးအတွက်ရေခဲမုန့်လာဝယ်တာဆိုပြီး..။

တော်ကြာကလေးတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲမသိ။

" ကဲ ခင်များ အသိဝင်တော့ ကျွန်တော် ခင်များလက်ထဲက ရေခဲမုန့်လဲ မယူတော့ဘူး သွားပြီ"

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now