" ကျေးဇူးပြု၍ ကိုယ့်ကို ကူညီပါ ညီရယ် အစ်ကို သားလေး က စိတ်ကောက်ရင် အတော်နဲ့ချော့ မရလို့ပါ"

" ဘယ်မှာလဲ ခင်များ ကလေး  ရှိလဲမရှိဘဲနဲ့ ကျွန်တော့်ကို အရင်ပေး ကျွန်တော် အလုပ် ရှိသေးတယ် ဗျ"

"ညီ အစ်ကို ကို အရင် ပေးပါ "

" မရဘူးနော် ကျွန်တော့်ကို အရင်ပေး"

လူနှစ်ယောက်ကြားထဲ ဟိုကြည့် ဒီကြည့်နဲ့ ဗျာ များနေရတာက ရေခဲမုန့်ရောင်းသမားလေးပင်။

" အစ်ကို ကျွန်တော့်ကို အရင်ပေး"

"ညီ အစ်ကိုကို အရင်ပေး"

ရိပေါ် ပုံမှန်ဆို ဦးစားပေးကာ သူနောက်မှ ယူမည်ဖြစ်သော်လည်း သူ အလုပ်ကရှိသေးသည်။

သိပ်ကြာလို့မကောင်းဘူး ရိထျန်းပြောချက်အရဆို အစ်မလော့ရဲ့ ဆူပူခြင်း ခံရမည့်ကိန်း မြင်ယောင်နေသည်။

" အစ်ကို ကျွန်တော် အလုပ်ရှိသေးလို့ မြန်မြန် အထက်က ဆူမှာလဲစိုးရသေးတယ်ဗျ"

" ညီ အစ်ကို ကို အရင်ပေးပါ အစ်ကို့ သားလေး က ကောက်နေရင် အတော်နဲ့ချော့မလို့ပါ"

နောက်ဆုံး နား မခံနိုင်တဲ့အဆုံး ရေခဲမုန့်ရောင်းသမားလေးခင်မျာ ။

" အားး တော်ကြပါတော့ ကျွန်တော် နားပူလာပြီ နေပူထဲမှာရေခဲမုန့် ရောင်းရရင်တောင် စိတ်မညစ်ဘူး ခင်များတို့လုပ်မှ လူက နေရင်းထိုင်ရင်း စိတ်ညစ်နေပြီ"

"...."

"...."

အော်သံကြောင့်တိတ်သွားသော ရိပေါ်နဲ့ Mike ။

"  ဒီ က ညီတစ်ခုယူထား"

"ဒီက အစ်ကို ကလဲ ယူထား တစ်ခု"

ရေခဲမုန့် အသားကိုဘဲအသီးသီးယူစေပြီး နောက်တော့မှ အဆာပလာ အစုံကို တစ်ယောက်တစ်ခုစီ ထည့်စေပြီးအလှည့်ကျ ထည့်ပြီးမှနောက်ဆုံးတော့ တစ်ယောက်တစ်ခုရသွားကာ အဆင်ပြေသွားတော့သည်။

ရိပေါ်လည် ရသွားတော့ ပိုက်ဆံ အရင်ရှင်းကာ  သူစားမယ်လုပ်တော့ သူရှေ့မှာ လာရပ်နေတဲ့ ကလေးလေး ကြည့်ရတာ ခုနအစ်ကိုရဲ့ သား ဆိုတာ ဖြစ်မယ်ထင်တယ်။

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now