17 / Unicode

417 79 13
                                    

[Question mark]

သူအိပ်နေတဲ့ဆိုဖာဘေးကနေ ဖြတ်သွားဖြတ်လာလုပ်ရင်းနဲ့ သီချင်းတွေအော်အော်ဆိုသွားတဲ့တစ်စုံတစ်ယောက်ကြောင့် သက်တန့်နားပိတ်ထားရတယ်။ အချိန်ကမနက်ငါးနာရီခွဲပဲရှိသေးပေမယ့် Ryan ဟာ အမြဲလိုလို အစောကြီးထတယ်။ ပြီးရင် နာရီဝက်ခန့်အပြေးလေ့ကျင့်ခန်းလုပ်ပြီး အဖိုးကြီးdavidရဲ့ စာအုပ်အဟောင်းဆိုင်လေးကိုသွားတယ်။ နေ့သစ်တိုင်းရဲ့အစမှာRyan အတွက် မလုပ်မနေရ အရာတွေထဲပါတာတွေ။

ခေါင်းထိခြုံထားတဲ့ဂွမ်းစောင်အောက်ကနေ မြန်မြန်ထွက်သွားပါစေကျိတ်ဆုတောင်းရင်း တံခါးပိတ်သံကို နားစွင့်နေမိတော့တယ်။ မကြာခင်အချိန်မှာထပြီး Ryan အလုပ်မသွားခင်စားဖို့ မနက်စာပြင်ပေးရမှာမို့ သူ့အတွက်အိပ်ချိန်နည်းနည်းပဲကျန်တယ်။

အချိန်အကြာကြီးနားစွင့်နေတဲ့ တံခါးပိတ်သံကိုမကြားရသေးဘူး။ ထွက်သွားပြီအထင်နဲ့ စောင်ကိုဖယ်လိုက်တော့ ဘေးနားမှာ တောင့်တောင့်ကြီးရပ်ပြီး သူ့ကိုကြည့်နေတဲ့Ryanကြောင့် လန့်တောင်လန့်သွားတယ်။

"ဦးငယ် မသွားသေးဘဲ ဘာလုပ်နေတာလဲ"

"မင်းကို ငါနဲ့အတူ လိုက်ခဲ့စေချင်တယ်"

အသက်၂၈နှစ်ပြည့်ပြီး ပထမဦးဆုံးရက်နဲ့ Ryan အသစ်ကို တအံ့တသြကြည့်မိတယ်။ သောက်ကျိုးနည်းကို တကယ်ကြီးရပ်စောင့်နေတာမို့ စက္ကန့်ပိုင်းအတွင်း မျက်နှာသစ်ရ၊သွားတိုက်ရနဲ့။ ဒီနေ့မနက်ခင်းမှာ ကွေးကွေးလေးအိပ်နေခဲ့ဖို့ မျှော်လင့်နေခဲ့တာပါ။

ဆောင်းလေကတအားအေးလာတာမို့ ခပ်ခွာခွာနေမဲ့အစား ဘေးချင်းကပ်လျှောက်ဖြစ်တယ်။ သူ့ကိုလိုက်စေချင်တဲ့ Ryan ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကို သူအဖြေရှာမရသေးဘူး။ အဲဒီလူဟာအချိန်တိုင်း ထူးဆန်းတဲ့အပြုအမူတွေသိပ်လုပ်တယ်။ ကန်စွန်းဥမီးဖုတ်တွေနဲ့ ဗိုက်ကိုဖြည့်ပြီး လမ်းဘေးကအုတ်မြင့်တနေရာမှာ အတူထိုင်ကြတယ်။

ညစ်ပေပေအဝတ်အနွမ်းနဲ့ ကလေးမလေးတစ်ယောက်ဟာ Ryan တို့လက်ထဲက ကန်စွန်းဥမီးဖုတ်တွေကို ရပ်ငေးနေတယ်။ သက်တန့်ကသတိထားမိသွားတော့ အဲဒီကလေးမလေးကို အနားခေါ်ပြီး စားလက်စကန်စွန်းဥမီးဖုတ်ကိုလက်ထဲထည့်​ပေးလိုက်တယ်။ thank you လို့ခပ်တိုးတိုးပြောရင်း အနားကလှစ်ခနဲပြေးထွက်သွားတဲ့ကလေးမလေးကို မျက်စိတဆုံးလိုက်ကြည့်ပြီး သက်တန့်လည်းပြုံးမိတယ်။

Be My Chlorophyll [completed]Where stories live. Discover now