"ဘာဖြစ်လို့သူ့ကိုပေးလိုက်တာလဲ"

Ryan ကအဲ့လိုမေးတော့ သူပြန်မဖြေဘဲ ပြုံးပြီးကြည့်နေမိတယ်။

"ဦးငယ်မှတ်မိလား ဦးငယ်နဲ့စတွေ့တုန်းက ကျွန်တော်ဦးငယ်ကို အဲ့ကလေးလေးလိုငေးကြည့်နေခဲ့ဖူးတယ်"

ဟုတ်သားပဲ။ Ryan မေ့ထားတဲ့အကြောင်းအရာတွေကို ဒီအခြေအနေကြီးကတူးဆွသလိုဖြစ်သွားတယ်။ အရင်ကပေတိပေစုတ်နဲ့မီးဖို​ချောင်အကူ​ကောင်​လေးဟာ အခုသူ့ဘေးကကောင်လေးဆိုတာ ယုံချင်စရာမရှိတော့ဘူး။ နောက်ဆက်တွဲတွေးစရာဖြစ်လာတာတွေက သက်တန့်ရဲ့အနာဂတ်ခရီးလမ်းပဲဖြစ်တယ်။ တွေ့ခဲ့ရတဲ့လပိုင်းလေးအတွင်း သံယောဇဉ်ကထုထည်ကြီးနေပြီ။ နောက်ထပ်အနာဂတ်စာမျက်နှာသစ်တွေမှာရော သူ့ဘေးနားဒီကောင်လေးပါမပါဆိုတာ ဒီကောင်လေးပဲသိမယ်။

"မင်းတကယ်ပဲ မွေးရပ်မြေကိုပြန်ဖို့ ကြိုးစားချင်တာလား၊ မလွယ်ကူမှန်းသိတာတောင်မှလေ"

"သိပ်ကိုပြန်ချင်တာပေါ့ဦးငယ်ရာ...ပိုက်ဆံတွေအများကြီးစုမိပြီးရင်လည်း ကျွန်တော်ဘဝမမေ့ပါဘူး၊ အိမ်ခြေမဲ့ကလေးလေးတွေကို ကျွန်တော်တက်နိုင်သလောက်လေးနဲ့ဂေဟာသေးသေးလေးလုပ်ပေးချင်တယ်"

နီးရပ်နဲ့ဝေးသွားသလိုခံစားချက်တစ်မျိုးက ခေါင်းစဉ်တပ်ဖို့ခက်ပါတယ်။ တနေ့မှာခွဲခွာရမဲ့လူတစ်ယောက်နဲ့ ဘာဖြစ်လို့များသံယောဇဉ်ကြိုးတွေချည်ပြီး ကိုယ့်ကိုယ်ကိုဒုက္ခပေးနေမိရတာလဲ။ လမ်းပေါ်ကကလေးလေးတစ်ယောက်ကို ကယ်တင်လိုက်ခြင်းဟာ Ryan အတွက်ပျော်ရွှင်မှုဖြစ်ခဲ့တယ်ဆိုရင် ပျော်ရွှင်ခြင်းဆိုတာ ကိုယ်တစ်ယောက်တည်းနဲ့သက်ဆိုင်တဲ့အရာမဟုတ်မှန်း Ryan နားလည်လာပြီ။ ဥပမာ ကိုယ်စားနေတဲ့မုန့်ကို အခြားလူလက်ထဲပေးရင်း ပြုံးနေတဲ့သက်တန့်ကိုပဲကြည့်ပေါ့။

"စိတ်ထားလှတဲ့မင်းကို ဘုရားသခင်က ကောင်းချည်းပေးမှာပါ"

ဒီလိုပြောလိုက်မိတာ စိတ်ရင်းနဲ့ဟုတ်မဟုတ်Ryanကိုယ်တိုင် မသိလိုက်ပါဘူး။ အေးခဲနေတဲ့လက်ချောင်းတွေနဲ့ Ryan ရဲ့လက်ကိုအုပ်ကိုင်လာတယ်။ ပြီးတော့သူကလက်ဖြန့်ဖို့အမူအယာနဲ့အချက်ပြတယ်။

Be My Chlorophyll [completed]Where stories live. Discover now