Unicode 1

176 4 0
                                        

တိမ်မဲများ ဖုံးအုပ်လာပြီး မိုးဖွဲ‌ဖွဲကျလာတော့ လမ်းမပေါ်က လူတွေက ပြေးလွှား လှုပ်ရှားလာကြသည်။ တောင်းရွက်သည် အမကြီးက တောင်းထဲမှ မိမိပစ္စည်းများမိုးမိမှာစိုးသဖြင့် ခြေလှမ်းသွက်သွက်ဖြင့်လျှောက်လေသည်။ စာအုပ်ဆိုင်က အန်တီကြီးကလည်း မိုးစိုမှာစိုးရိမ်ဟန်ဖြင့် ဆိုင်ရှေ့မှာချိတ်ဆွဲထားတဲ့ သတင်းစာတွေ ဂျာနယ်ကို ဆိုင်ထဲထည့်တော့သည်။
လူတိုင်းက အနည်းနဲ့ အများဆုံးရှုံးရမှာကို ကြောက်ကြတာချည်းပါပဲလား။

မုန့်ဆိုင်ထဲသို့ အနက်ရောင်ရှပ်လက်ရှည်နှင့်အသက် ၂၀ကျော်အရွယ် ကောင်လေးတစ်ယောက် ဝင်ရောက်လာတာကို အချို့သူတွေရဲ့ အာရုံမှာ ခနတာရောက်ရှိလာပြီး မကြာခင် နဂိုလုပ်ဆောင်ချက်များကို ဆက်လက်လုပ်ဆောင်ကြသည်။
မိမိမှာ သူတို့ဘဝထဲသို့ ခနဝင်လာသော ရေပွက်ပမာ ။
ဒါဆို ကိုစိုင်းကရော။

ဆိုင်ရဲ့ ထောင့်တစ်နေရာမှာ ထိုင်ပြီးခနအကြာ၌ရင်းနှီးသိနှင့်နေသော စားပွဲထိုးလေးက "ကော်ဖီနှစ်ခွက်နဲ့ ပေါင်မုန့်မီးကင်ပဲလား"ဟု အခရာကို နားလည်သိကျွမ်းနေတဲ့ပုံစံနဲ့မေးလိုက်သည်။ ခေါင်းငြိမ့်ပြလိုက်ပင်မယ့် သူ အခရာ့ရဲ့‌ေဝဒနာကိုတော့ သူနားလည်နိုင်မှာ မဟုတ်ပါဘူး။

"ကိုစိုင်းရော ကျွန်တော့်ကို နားလည်ခဲ့ရဲ့လား။ ခွင့်လွှတ်ခဲ့ရဲ့လား"

မကြာခင် မိုးသဲလာပြီး မိုးစက်ကျသံတို့က ပိုမိုကျယ်လောင်လာတော့သည်။ ဒီလိုနေ့မျိုးမှာပဲ ဒီလိုအချိန်မျိုးမှာပဲ

"မှာထားတာရပါပြီ"

အသင့်ပြင်ထားသော ကျသင့်ငွေကို စားပွဲထိုးလေးအားပေးလိုက်သည်။ တစ်နည်းအားဖြင့်တော့ သူပြန်ထွက်သွားတဲ့အချိန်ကို စားပွဲထိုးလေး ဂရုစိုက်စရာမလိုတော့ဘူးပေါ့။
ကိုစိုင်းထိုင်နေကြနေရာမှာ ကော်ဖီတစ်ခွက်ထားပေးလိုက်သည်။

အယူသီးတဲ့ ကိုစိုင်းသာသိရင် ဘယ်လောက်တောင်များ စိတ်ဆိုးလိုက်ဦးမလဲ။

တကယ်ဆို ကိုစိုင်းက အတ္တကြီးတာပါ။ ကျွန်တော့်ကို တစ်ယောက်တည်းထားခဲ့တာ ကိုစိုင်းသိပ်ပျော်တယ်မလား။ ကျွန်တော်တို့ အကြီးကျယ်ရန်ဖြစ်နေတဲ့ အခါမျိုးမှာလေ။ ကျွန်တော်က ကျေးဇူးတင်ပေးရဦးမှာလား။ ထွက်သွားတဲ့သူက ကျန်ခဲ့တဲ့သူတစ်ယောက်ဘယ်လိုကျန်ခဲ့လည်းဆိုတာ စိတ်ဝင်စားနေဦးမှာလား။

BlacKWhere stories live. Discover now