🍭 CL-9 🍭

Começar do início
                                    

"ဟုတ်ပါတယ်..."

"အော် ညီကိုး ညီကအချောဘဲ အဲ့တာကြောင့်ဟိုကောင်ကြီးတန်းတန်းစွဲဖြစ်နေတာ ကလေးမုန့်ပေးကြိုက်တဲ့လူပျိုသိုးကြီး ဟားး"

ရှေ့ကလူပြောနေသည်များအား နားမလည်ပါ...ကလေးမုန့်ပေးကြိုက်တာတွေကော လူပျိုသိုးကြီးတွေကော...

" အကို့နာမည်က ကျင်းဇီရွှမ်းပါ "

"အာ ဟုတ်အစ်ကို "
ကိုယ်မသိပေမဲ့ ထိုအကိုကသိသည်ထင် နာမည်မိတ်ဆက်လာသည်ကြောင့်ခေါင်းလေးငုံ့ကာပြုံးပြရသည်။

"အစ်ကိုသွားအုန်းမယ်နော် "

"ဟုတ် ဂရုစိုက်ပါ "

ကားပေါ်ပြန်တက်သွားတာတောင် မထွက်ခင် ပြောခဲ့တဲ့စကားက...ရိပေါ်အတွက်  ဟိုးငယ်ဘ၀ဆီသို့ပင်ခေါ်ဆောင်သွားခဲ့သည်။
" ငယ်ငယ်ကတည်းက တစ်ခါဘဲတွေ့ခဲ့ဖူးတဲ့ညီ့ကိုအခုချိန်ထိတန်းတန်းစွဲဖြစ်နေတုန်းတဲ့  " ဒါဆို စောနကထိုအကိုပြောသွားသည့်စကားများအရ ဒါ ဒါကကျွန်တော့်ရဲ့Bunnyများလား....

အိမ်ပြန်ရောက်သည်အထိအတွေးပေါင်းအပြည့်..မားမေးသည်များလည်းမကြားတော့..အခန်းထဲသို့ တန်း၀င်ပြီး စာကြည့်စားပွဲမှာထိုင်လိုက်ကာ ပုလင်းလေးထဲမှချိုချဥ္လေးကိုအချိန်အတော်ကြာကြည့်နေမိသည်။

Bunnyကိုချစ်တယ် ပြောပြီး အခုဘာလို့ရှောင်းလူကြီးကိုစိတ်ထဲရှိနေရတာလဲ
ငယ်ငယ်ကတည်းကအခုထိအစွဲလမ်းကြီးလာခဲ့ရသည့်..Bunnyဆိုတဲ့နာမ်စားလေးရဲ့ပိုင်ရှင်...
အမှန်ဆိုBunnyနဲ့ပတ်သတ်တာသိလာခဲ့ရတာတောင်ပျော်မနေဖြစ်နေတဲ့ကိုယ့်ကိုယ်ကိုလဲအံ့သြမိသည်။

ရှောင်းလူကြီး...ရှောင်းလူကြီးကိုဘဲတွေ့ချင်နေ
တယ်..bunnyကိုကော....အတွေးထဲမှာ ရှောင်းလူကြီး..bunnyဖြင့် ပြည့်နှက်နေပြီ။
ဒီနေ့ကြမှအချိန်တွေကကြာရှည်အုန်းမည်ထင်...

"သားရိပေါ် ထမင်းစားရအောင်လေ ..."

အခန်းတံခါးခေါက်ကာ အသိလာပေးသည့်မားကြောင့် ..အတွေးတို့ကိုရပ်တန့်လိုက်ကာ..

"ဟုတ်မား လာပြီ"

"အေးအေး မားစောင့်နေမယ်"

Candy love ( Completed )Onde histórias criam vida. Descubra agora