စိတ်တိုင်းကျ ဓားကိုပါ ရေဆေးလိုက်သည် ပြီးတော့ လှီးကာ ထည့်လိုက်ပြီး၊

ကြက်ဥ ဖောက်ထည့်ရန်ပြင်တော့
ဇွန်းတစ်ချောင်းကိုယူ ကြက်ဥ အလယ်လောက်ကို ဇွန်း ဇောင်းနဲ့ ခုတ်လိုက်တော့ သူက ကြက်ဥ သိပ်မခွဲတက်ပေ။

ခုတ်တာတော့ အလယ်ပဲ အလယ်ကမကွဲဘဲ အပေါ်စွန်းနားက ကွဲသွားတော့ အဆင်မပြေတော့ သူ့မှာ ထည့်ရခက်နေပြီ ကြက်ဥအကာတွေကလဲ နည်းနည်းဆီ စီးကျ
နေပြီဖြစ်သည်။

ခွမ်းကောကိုလဲမကြည့်ရဲ

" မင်း ကိုယ့်ပစ္စည်းတွေကို ဖြုန်းတီးနေတာလား မလုပ်တက်ရင်လဲ မစားနဲ့လေ အခုကြည့် အောက်မှာကျကုန်ပြီ ညစ်ပတ်လိုက်တာ မင်းနဲ့ သာ အတူနေရရင် ငါ အသက်တိုမယ်သိလား"

"ခင်များ တော်တော်များသွားပြီ
ကျွန်တော် ခင်များ ပစ္စည်းကိုဖြုန်းတီးတယ်ပြောရအောင် ခင်များဟာကို အလကားယူနေလို့လား ပြီးရင် ပြန်ဝယ်ပေးမယ် ပြောပြီးသား ပြီးတော့ ခင်များ ကျွန်တော့ကို မျက်စိဒေါက်ထောက်ကြည့်နေတာလား ကျွန်တော့်ဖာသာ ဘယ်လိုလုပ်လုပ်ပေါ့ ခင်များ ပစ္စည်း ယူထားရလို့ မပြောတာ အခုက ခင်များတော်တော်လွန်သွားပြီ"

" အမြင်မတော်ရင်တော့ပြောမှာပဲ "

" မမြင်ချင် မျက်စိမှိတ်ထား "

" မမှိတ်နိုင်ဘူး "

"မမှိတ်ချင်နေ ခင်များကို စကားပြောနေရတာ ကျွန်တော့်ခေါက်ဆွဲတွေ အနူးလွန်သွားပြီထင်တယ် ပြောချင်နောက်မှပြော"

ကျိုးချန် ပြောပြီးပြီးချင်း ကြက်ဥကို ရသလိုထည့်ကာ အခွံကို ခုနက မပစ်ရသေးတဲ့ခေါက်ဆွဲခြောက်ခွံထဲထည့်ကာ တခါတည်းအမှိုက်ပုံးထဲထည့်လိုက်သည်။

နောက်တော့အမှုန့်ဘာညာထည့်ပြီး မွှေလိုက်တော့ အနံ့လေးက မွေးနေတာဘဲ ဗိုက်တောင်ဆာလာပြီ။

နောက်ဆုံးတော့ရပြီ ခေါက်ဆွဲကလဲ နူးနူးအိအိ၊ အရွက် နဲ့ ကြက်ဥလေးပါပါတော့ သိပ် အရသာရှိမဲ့ပုံပဲ
တံတွေးမြိုချကာ ပန်းကန်လုံးထဲထည့်ကာ စားပွဲပေါ် တင်ရင်းစားမယ်ပြင်လိုက်တော့...။

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now