01

10.5K 340 1
                                    

[ Zawgyi ]

လောကမှာ အရာအားလုံး ဆုံးရှုံးလိုက်​ရပြီလို့ ခံစားလိုက်​ရတဲ့အချိန်​မှာ မမက lili ဘဝထဲကို ​ရောက်​လာခဲ့တယ်​ ။

 omma ဆုံးပြီးတစ်​လ အကြာ

အပြင်​ပန်းက မာ​ကြောသ​ယောင်​ရှိတဲ့ lili ဟာ ထိခိုက်​ခံစားလွယ်​ အချစ်​ကြီးတဲ့​ကောင်​မ​လေးတစ်​​ယောက်​ပါ ။

ဒီ​နေ့လည်းခါတိုင်း​နေ့​​တွေလိုပဲသင်​တန်းကအပြန်
လမ်းမှာ အ​မေတစ်​​ယောက်​က သူ့သမီးကို ဂရုစိုက်​​နေတဲ့ မြင်​ကွင်းဟာ lili အတွက်​ ​မေ​​မေ့ ကို သတိရ​စေ​တော့တာပဲ ။

ခံစားချက်​​တွေကို မထိန်းချူပ်​နိုင်​တဲ့အဆုံး အိမ်​အပြန်​လမ်း​ဘေးက ခုံတန်း​လေးမှာ မျက်​နှာကို လက်​နဲ့အုပ်​ပြီးငိုလိုက်​မိတာပဲ

အချိန်​ဘယ်​​လောက်​ထိ ငို​နေမိတယ်​ ဆိုတာလည်း မသိ​တော့ဘူး ။

"အဆင်​​ပြေရဲ့လား " ခပ်​တိုးတိုးအသံကိုကြားလိုက်​မှ
မော့ကြည့်​လိုက်​ ​တော့ အညို​ရောင်​ဆံပင်​ရှည်​ရှည်
ပါး​ဖောင်း​ဖောင်းနဲ့ အမျိုးသမီးတစ်​ဦး အဓိက သတိထားမိတာက မျက်​ဝန်း​တွေ မဟုတ်​ဘူး မျက်​ခွံ​ပေါ်က ​မှဲ့က​လေး ...

"aww ဟုတ်​ " လို့​ဖြေရင်း
" အခုlili အရမ်းမွန်းကြပ်​​နေလို့ ရင်​ဖွင့်​လို့ရမလား မမ"

မမကိုစကား​ပြောဖို့ အဆင်​​ပြေရဲ့လား အားရဲ့လား လည်း မ​မေးမိ​တော့ဘဲ နာကျင်​ခံစား​နေရတာ​တွေ
ဖွင့်​ဟမိတယ်​။အခုမှစ​တွေ့မိတဲ့ သူစိမ်းကို ဖွင့်​ဟမိ​လောက်​​အောင်​ထိ မသိစိတ်​​တွေကို မမက ဆွဲ​ဆောင်
နေသလိုမျိုးပဲ ။မမ​က​တော့ ငြိမ်​ငြိမ်​​လေးနား​ထောင်​​နေ​လေရဲ့ ။ ခဏအကြာ​တော့ မမက

" လူတိုင်းမှာနာကျင်​မှု​တွေ အခက်​အခဲ​တွေရှိကြတာပဲ
အနည်းအများက​တော့ ခံစားတဲ့ လူ​မှာ ကွာခြားသွားတာပဲ ။တို့မှာ ဟာသ​တွေ လာ​ပြောတတ်​တဲ့ သူငယ်​ချင်းတစ်​​ယောက်​ရှိတယ်​ ။ သူ့ဟာသတစ်​ခုကို ကြားရတုန်းကဆို မျက်​ရည်​ကျ​အောင်​ထိ ရယ်​ခဲ့တယ်​ ။ ဒုတိယ တစ်​ခါ​ပြောတဲ့အချိန်​ကျ​တော့ ပထမအခါ​လောက်​ ရယ်​စရာ မ​ကောင်း​တော့ဘူး ။
ဟာသတစ်​ခုကို အခါခါ​ပြောတဲ့အခါ မရယ်​ဖြစ်​​တော့ဘူး အဲ့သ​ဘောအတိုင်းပဲ နာကျင်​စရာ​တွေကိုခဏခဏ ခံစားပြီးငို​​နေမှာလဲ
ဟုတ်တယ်​မလား "

You are my kryptonite जहाँ कहानियाँ रहती हैं। अभी खोजें