"အေး နင်စာမေးပွဲရှိလို့ ဒီတစ်ခါတော့ ရှိစေတော့
မတိုက်နဲ့တော့ နောက်နေ့မှတိုက် အခု စားစရာရှိတာစား... မဟုတ်ရင် ငါက အပြောခံရဦးမယ်

"ဟုတ်.. မမ

ရှောင်းရန်ကျင် သမီးနဲ့မိန်းမဖစ်သူကို ဘာမှမပြောတော့ပဲ သူ့ရဲ့ ထမင်းကိုသာ ဆက်စားနေတော့တယ်။

"ယောကျာ်း ဝမ်အိမ်တော်က သမီးနဲ့ ကိစ္စကိုဘာပြောလဲ....
အခု ဝမ်groupက အရမ်းအောင်မြင်နေတာနော်
သမီးနဲ့ သားဝမ်သာ လက်ထပ်လိုက်ရင်
ကျွန်မတို့ လုပ်ငန်းလဲ အရှိန်ဝါ တက်လာလိမ့်မယ်

"မင်းက သမီးကို ရောင်းစားချင်နေတာလား
ငါနဲ့တလုက အချင်းချင်း ကျေးဇူးကြွေးရှိပေမဲ့
အခုဟာက မြင်းကမလှုပ်ခုံက လှုပ်ဖစ်နေပီနော်

"အို မြင်းတွေ ခုံတွေ ထည့်တွက်နေရမှာလား
သမီးကလဲ သားဝမ်ကို ပထမဆုံးတွေ့ထဲက သဘောကျနေတာပဲ...
ကျွန်မတို့ သမီးကောင်းစားဖို့ ပြောနေတာ
ရှင်မပြောရင် ကျွန်မ ဖုန်းဆက်ပြောမယ် ဟွန့်
လာသမီး အပြင်မှာ မားနဲ့သွားစားမယ်...

ဒေါ်မေလီ သူ့ယောကျာ်းကို မျက်စောင်းထိုးပီး
သူ့သမီး လက်ကို ဆွဲကာ
ထမင်းဝိုင်းကထသွားတော့သည်။
နောက်ဆုံး ထိုသားမိနှစ်ယောက် ထသွားမှ
ရှောင်ကျန့်လဲ ထမင်းသေချာ စားနိုင်တော့သည်။
သူတို့ အိမ်မှာ လူလေးယောက်ထမင်းဝိုင်းက တစ်ခါမှ အေးဆေးစွာ စားပီးတယ်ဆိုတာမရှိပေ။

________________________________________

"အဲ့တော့ မင်းအဖေက မင်းကို ရှောင်းလုပ်ငန်းစုက သမီးနဲ့ စေ့စပ်ထားစေချင်တယ်ပေါ့

"စေ့စပ်ထားစေချင်တာ မဟုတ်ဘူး တစ်ခါတည်း
လက်ထပ်ခိုင်းတာ ဝမ်ချောင်ရ

ဝမ်ချောင်က ရိ​ေပါ်လိုပဲ စီးပွားရေးသမား။
သူငယ်ချင်း သုံးယောက်ရှိတဲ့ထဲ ဝမ်ချောင်နဲ့ ရိပေါ်က စီးပွားရေးကို လုပ်ကိုင်တာချင်းတူသလို အောင်မြင်ကြသည်။
ရိပေါ်တို့က ဆောက်လုပ်ရေးသုံး ပစ္စည်းတွေကိုအဓိက ထုတ်လုပ်ဖြန့်ဖြူးပီး၊ construction လုပ်ငန်းကို လုပ်ကိုင်သလို အခြားသော လုပ်ငန်းတွေလည်းရှိသည်။ဝမ်ချောင်ကတော့ hotel
လုပ်ငန်းနဲ့ အ​ပန်းဖြေ resort ကို အဓိကထားသည်။​ဟောက်ရွှမ်း ကကတော့ ဆရာဝန်ပေါ့။

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now