"ဒါပေမဲ့ အဲ့လိုမျက်နှာတည်တည်ကြီးနဲ့
ဆက်ဆံလို့ပြောလို့လား ။ အကြိုက်သိချက်
Mocha ဖျော်ပေးရတာနဲ့ ဒါတွေသာယာနေ
တာမလား။ မသိရင်ခက်မယ်။ ရုတ်ရုတ်ရုတ်
ရုတ်လုပ်မယ်မကြံနဲ့နော်..သင်းကွတ်ပလိုက်
ပြီး ကုန်းကုန်းဖြစ်သွားမယ် "

"အမလေး ကြောက်လိုက်တာဗျာ...ဘယ်သူနဲ့
မှမသာယာရဲပါဘူး။သင်းတော့မကွပ်လိုက်ပါနဲ့
တော်ကြာ ကျတော့်ကောင်လေးဝမ်းနည်းနေ
ဦးမယ်"

" ဇွဲ ညစ်ညစ်ပတ်ပတ်တွေမပြောနဲ့ကွာ.
နေပါဦး ဘာကြီးဖျော်လာတာလဲ "

ကောင်းထက်လည်း ဘာမှန်းသိချင်တာနဲ့မေး
လိုက်သည်။

" ဒါက အရက်သမားတွေညဘက်လူမှန်းသူ
မှန်းမသိအောင်သောက်ပြီးရင် မနက်ကျပြန်
ဖြေတဲ့သဘောနဲ့ဖျော်ထားတဲ့ ပျားသံပုရာပါ "

" ဒီလိုကျတော့လည်း တို့ဘဲကြီးကတော်သွား
ပြန်ရော။ ဘဲကြီးထင်လို့ပါ ညီက အန်ပြီးသွား
ရင် ကောင်းသွားရော။ ပျားသံပုရာတွေ
ပိတုန်းသံပုရာတွေမလိုပါဘူး ။ အခုလို ဂရုစိုက်ပေးတတ်တဲ့ ချစ်သူလေး အဲဟုတ်ဘူး
ချစ်သူကြီး ရထားတာနဲ့တင်ရပါပြီ "

" အရမ်းတော်တယ်ထင်ရင် ဒီကိုတချက်ပေး"

ဇွဲက သူ့ရဲ့ညာဘက်ပါးကိုဖောင်းပြပြီး
လက်ညိုးဖြင့်ထိပြသည်။ ကောင်းထက်လည်း
မပေးပါဘူးဆိုကာ ဟိုဘက်ကိုလှည့်လိုက်
တော့ ဇွဲက မပေးရကောင်းလားဆိုပြီး ဂလိထိုး
တော့သည်။

" ဇွဲ ယားတယ် ...မလုပ် "

" ဒေါက်..ဒေါက်.. ဒေါက်. "

တံခါးခေါက်သံနဲ့အတူဇွဲအမေအသံပါကပ်
လိုက်လာသည်။

" သား ဇွဲ အခန်းထဲဝင်တာကြာနေပြီ ဘာတွေ
လုပ်နေတာလဲ။မနက်စာစားဖို့ဆင်းလာတော့။
ရုံးနောက်ကျနေမယ်။ မခွဲနိုင်မခွာနိုင်ဖြစ်နေရင်ပင့်လာခဲ့ ထမင်းစားစားပွဲကို "

ဇွဲလဲ ဆင်းလာမယ်လို့ အခန်းထဲကအော်ပြော
လိုက်သည်။ဇွဲအမေတစ်ယောက်ကတော့ရွဲ့သလို ခနဲ့သလိုနဲ့ ပြောပြီး ခြေသံပေးကာ
အောက်ထပ်ကို ဆင်းသွားသည်။

" ဇွဲညက ဘယ်မှာအိပ်တာလဲ "

" ကိုက ဟိုဆိုဖာမှာအိပ်တာလေ "

Opposite Season 2 ( Our Chemistry )Where stories live. Discover now