"ကို့ရဲ့ကြင်ယာတော်လေးနိုးပြီလား "

"အွန်းနိုးပြီ အရှင်ဘာလို့ကျွန်တော့်ကိုအမြဲကြည့်နေတာလဲ မပျင်းဘူးလားဟင်"

"ပျင်းစရာလားကွာ ကို့မှာဒီမျက်နှာလေးကိုကြည့်နေရတာပျင်းတယ်လို့တောင်မထင်ပါဘူး သတိရတိုင်းကိုကြည့်နေမှာ"

"ဟွန့်အရှင်ကပိုရန်ကော"

"မပိုပါဘူးကွာချစ်လွန်းလို့ငုံထားချင်တာ ဒါနဲ့နာနေသေးလား မှည့်လေးမနိုးသေးလို့ဆေးတောင်မယူခိုင်းရသေးဘူး အသံကြားပြီးအိပ်နေတာနိုးသွားမှာဆိုးလို့"

"နည်းနည်းတော့နာတယ် အရှင်ကျွန်တော်ဗိုက်ဆာပြီ"

"ကိုပြင်ခိုင်းလိုက်မယ်နော် အထိန်းတော်ကြီးအပြင်မှာရှိလား၀င်ခဲ့ပါအုံး"

"ကျွန်တော်မျိုးမင်းကြီးနဲ့ကြင်ယာတော်တို့ကိုအခစား၀င်ကြောင်းပါ "

"အထိန်းတော်ကြီးကိုယ်တော်တို့အတွက်မနက်စာပွဲတော်တည်ခင်းပေး ပြီးတော့ဆေးဌာနကိုသွားပြီးအကောင်းဆုံးအကိုက်ခဲပျောက်ဆေးဖော်စပ်ပေးပါလို့ ပြီးတော့လိမ်းဆေးရောပဲ အော်ကျန်သေးတယ်အိပ်ရာခင်းကိုလည်းအသစ်လဲပေးအုံး "

"အမိန့်တော်အတိုင်းပါမင်းကြီး"

အထိန်းတော်ကြီးလည်းပြန်ထွက်သွားတော့

"အရှင်အထိန်းတော်ကြီးကိုခုမှခေါ်တာဆိုတော့၀တ်စုံအသစ်တွေကိုအရှင်လဲပေးထားတာလား"

"ဟုတ်တာပေါ့ ကို့ရဲ့ကြင်ယာတော်အလှလေးကိုဘယ်သူမှမမြင်စေချင်ပါဘူး ဒါကြောင်ကိုပဲအကုန်လုပ်ပေးထားတာ "

"အဟိအရှင်ကကျွန်တော့်ကိုအဲ့လောက်တောင်ချစ်ပြီးအူတိုတာပဲလား"

"ချစ်တာပေါ့ ဈေးတန်းထဲမှာပြုတ်ကျပြီးကိုယ့်ရင်ခွင်ထဲကိုရောက်လာတဲ့ကောင်လေးကနှလုံးသားတစ်ခုလုံးကိုအပိုင်သိမ်းသွားတာ ကို့ရဲ့နှလုံးသားအခန်းလေးခန်းလုံးကရှောင်းကျန့်ဆိုတဲ့ဟော့ဒီကကြင်ယာတော်တစ်ယောက်တည်းအတွက်ပဲ  မှည့်လေးကရောကို့ကိုဘယ်လောက်ထိချစ်လဲ"

"ကျွန်တော်ရဲ့နှလုံးသားတစ်ခုလုံးရော ရင်ခုန်သံတွေရောကိုပါအရှင်အတွက်ပဲ ကုန်ကုန်ပြောရရင်လေကျွန်တော်အရှင့်ကိုချစ်တဲ့အချစ်ကဘာနဲ့မှတိုင်းတာလို့မရတဲ့အထိချစ်တယ် ကျွန်တော့်ကိုဈေးတန်းထဲကအန္တာရယ်တွေကြုံလာခဲ့ရင်အမြဲကာကွယ်ပေးနော် ကျွန်တော်အရှင့်ရဲ့အရှေ့မှာပဲအားနည်းသူလိုနေမှာ ဒါကြောင့်အရှင့်ရဲ့အချစ်တွေနဲ့အပြည့်အ၀ကာကွယ်ပေး"

Owner Of Mole (OOM) (Completed)Where stories live. Discover now