မင်း ခွေးတွေကိုအရမ်းချစ်တယ်လို့ပြောခဲ့တာမှတ်မိသေးလား?..ခွေးတွေက ညစ်ပတ်တယ်လို့ ထင်ခဲ့မိလို့ မင်းကို တစ်ကောင်လောက်မွေးဖို့တောင် ငါခွင့်မပြုခဲ့ဘူး...အခု ငါတို့ရဲ့ အကိတာ လေးက ခြောက်လသားအရွယ်တောင်ရှိနေပြီ။ သူနဲ့ရင်းနှီးတဲ့သူတွေဆို ကောင်းပြပြီး လူစိမ်းတွေနဲ့တော့ ခပ်စိမ်းစိမ်းဖြစ်နေတုန်းပဲ။

   ငါ ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ နေ့တိုင်း အမြဲတမ်း သူ့ကိုဂရုစိုက်ပေးရင်း အချိန်ကုန်ဆုံးတယ် မင်းပဲတိရစ္ဆာန်တွေကို ချစ်တယ်ဆို ဘာလို့ အိမ်ပြန်လာပြီး ငါ့ကို ဒီငြီးငွေ့ဖွယ်ကောင်းတဲ့ အိမ်မှုကိစ္စတွေလုပ်နေတာက လွတ်အောင် လာမကူညီပေးရတာလဲ? လက်ထောက်စုန့်ကတော့ လက်မှိုင်ချနေရတယ် ။  အဲ့ခွေးလေးက အပငတွေအများကြီးနဲ့ ရုံးခန်းထဲက အရေးကြီးတဲ့ဖိုင်တွေကို နေ့တိုင်း ဖျက်ဆီးနေခဲ့တာလေ။
ငါ နှစ်သစ်ကူးပြီးမကြာခင် အိုက်ကျစ်ယွီကို သွားရှာခဲ့တယ် ။ မင်းရဲ့ကုတ်အင်္ကျီလေးကို သိမ်းထားဖို့ ခက်ခက်ခဲခဲ တောင်းပန်ခဲ့ရတယ် ။ ငါက အဲ့ကုတ်အင်္ကျီကို ဘယ်လိုလုပ် သူနဲ့ထားခဲ့ရမှာလဲ?.. လွန်ခဲ့တဲ့ ၇နှစ်တုန်းက အဲ့ကုတ်ကို ငါဝယ်ပေးခဲ့တယ်ဆိုတာ မှတ်မိနေသေးတယ်။ မင်း ကိုနှင်းတွေကြည့်ဖို့ ခေါ်သွားတဲ့နေ့က အရမ်းအေးနေခဲ့ပြီး ဒီကုတ်အင်္ကျီကလည်း အရမ်းကြီးနေခဲ့တာလေ။
  အဲ့ကုတ်အကြီးကြီးကို ဝတ်ပြီးတော့ ငါ့ရင်ခွင်ထဲမှာ မင်းကနွေးနွေးထွေးထွေး ဖက်နေခဲ့တာလေ ။ နောက်နှစ်တွေမှာလည်း မင်းက ဒီကုတ်ကိုပဲ ဝတ်ဆင်ခဲ့တယ်ဆိုတာ ငါမှတ်မိနေသေးတယ်။

အိုက်ကျစ်ယွီရဲ့ မျက်လုံးကအေးစက်ပြီး အမုန်းတွေနဲ့ပြည့်နေတာပဲ။ သူ့ဘက်ကကြည့်တော့လည်း မမှားပါဘူးလေ သူကမင်းကိုအရမ်းသဘောကျခဲ့တာပဲကို။ ဒါပေမဲ့ နောက်ဆုံးအကြိမ် ငါမင်းကုတ်ကို အသည်းအသန်တောင်းတုန်းက သူ ငါ့ကိုသနားတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့တာ ငါသိတယ်။ သူကငါ့ကို ခံစားနေစေချင်ပေမဲ့ မင်းသေတဲ့အကြောင်းကလွဲလို့ တခြားဘာမှ မပြောခဲ့ဘူး

ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ သူပြောတာကို မယုံပါဘူး။

အဲ့နေ့ကအိမ်ပြန်ရောက်လာတော့ ငါစဥ်းစားမိတယ်...
" မင်း ငါ့ကိုတကယ် စိတ်ဆိုးသွားရင်"
" မင်းနောက်ထပ်ပြန်မလာတော့ရင်ရော?"  ...
" ဒီလိုဆိုငါ ဘယ်လိုလုပ်ရမလဲ"
" ငါ ဘာလုပ်သင့်သလဲ" ..ဆိုပြီး
အကြာကြီးစဥ်းစားနေခဲ့တယ်

The 10 years where I loved you the mostWhere stories live. Discover now