Extra-4(Uni)

15.7K 860 205
                                    

Manhwa မှာတော့ extra ထပ်မရှိတော့ပေမဲ့ ဝတ္ထုထဲမှာပါတဲ့အပိုင်းကို ဘာသာပြန်ပေးထားတာပါ
ကျန်းဝမ်ရွှီက ဟယ်ကျစ်ရှုဆီကိုပေးတဲ့စာပါ Christmas လက်ဆောင်အနေနဲ့ အဲ့ စာလေးကို ဘာသာပြန်ပေးလိုက်ပါတယ်

ချစ်ရတဲ့ကျစ်ရှုရေ....

      မင်းရဲ့ ကိုယ်ပိုင်နေရာလေးမှာအဆင်ပြေနေရဲ့လား? ကိုယ့်ကိုယ်ကို ဂရုစိုက်နော်။ ငါမင်းကို အရမ်းလွမ်းတာပဲ။

  ငါကတော့ အဆင်ပြေပါတယ်
အော် ဒါနဲ့ ငါဆေးဝါးကုသမှု အပိုင်းနဲ့ ပူးပေါင်းလိုက်တယ်
ကျန်းဝမ်ကပြောတယ် မင်းပြန်လာတဲ့အခါ ငါက လမ်းလျှောက်နေတဲ့လူသေကောင်ကြီးလို့ ရှင်သန်နေထိုင်နေတာကို မင်း ...မြင်ချင်မှာမဟုတ်ဘူးတဲ့
  
  အသက်ရှုသွင်းလိုက်တဲ့အခါ ငါ့ရဲ့အသည်းနဲ့အဆုတ်တွေ ပေါက်ကွဲထွက်မတတ် နာကျင်နေရတဲ့အထိ မင်းကို လွမ်းနေရရုံတင်ပါပဲလေ ဘယ်လိုပဲဖြစ်ဖြစ် မင်းက အိမ်ကို ပြန်လာတော့မှာမှ မဟုတ်တာ ငါ့နေ့ရက်တွေကို ဒီလိုပဲ ရှင်သန်နေရုံပေါ့....

မင်းပြန်မလာတော့ဘူးလို့ ဆုံးဖြတ်ခဲ့ရင်လည်း အဆင်ပြေပါတယ်လေ မင်းက ငါ့ကို တစ်ချိန်လုံးစောင့်နေခဲ့တာပဲလေ အခု ငါ စောင့်ရမဲ့အလှည့်ပေါ့

  ကျစ်ရှု ဘာလို့မင်းအကြောင်းတွေကို  အိပ်မက်မမက်ရတာလဲဆိုတာ ငါမသိဘူး.... နေ့အခါမှာလည်း မင်းကိုအရမ်းလွမ်းတယ် ညအခါမှာလည်း ငါ့ရဲ့အိပ်မက်ထဲမှာ မင်းကရှိမနေပြန်ဘူး ။ ဒါ.......မင်း ငါ့ကို ထပ်မတွေ့ချင်တော့လို့များလား...?။
ငါ အတိတ်ကိုပြန်သွားကြည့်တဲ့အခါမှာ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ငါမင်းအပေါ် ရက်စက်မိတာကို တွေ့ရတယ်။ အရာအားလုံး..ငါမင်းအပေါ် မျှတမှု မရှိခဲ့ဘူး...။ အရင်ကမင်းအပေါ် ကောင်းကောင်းမဆက်ဆံခဲ့လို့ ငါ့ကိုယ်ငါ မုန်းမိသလို တစ်ချိန်လုံးလည်း နောင်တရနေခဲ့တယ်။ ငါ မင်းကို တစ်ကြိမ်လေးတောင် အလိုမလိုက်ခဲ့လို့ ငါ့ကိုယ်ငါ အပြစ်တင်မိတယ် ။
ငါ တောင်းပန်ပါတယ်....။

မင်းကအနောက်ကို တစ်ချက်လေးတောင်လှည့်မကြည့်ပဲထွက်သွားခဲ့တယ် ...အရာအားလုံးပြင်ဆင်ဖို့ အခွင့်အရေးလေးတစ်ခုတောင် ငါ့ကိုမပေးခဲ့ဘူး....

The 10 years where I loved you the mostWhere stories live. Discover now