"ဒါဆိုကိုကို့အကြောင်းမားသိမှာပေါ့"

"လူလေးကသိချင်လို့လား"

"ဟုတ်ကဲ့"

"မားဒီကိုစပြောင်းတုန်းကရှီးအာတို့မိသားစုလေးကအဆင်ပြေသေးတယ် ရှီးအာရဲ့အမေဆုံးပြီးရှီးအာအဖေနောက်မိန်းမယူလိုက်တဲ့အချိန်ကစပြီးပြဿနာတွေဖြစ်လာတာပဲ"

"ဘယ်လိုပြဿနာတွေဖြစ်တာလဲဟင်"

"ရှီးအာအဖေရဲ့ကုမ္ပဏီကဒေဝါလီခံလိုက်ရတယ်လေ မိထွေးရဲ့အသုံးအဖြုန်းကြီးမှုတွေရောအတွင်းလူအကောက်ကြံတာခံရတာရောပေါင်းပြီးတော့ပေါ့ ရှီးအာရဲ့အဖေလည်းအဲ့စိတ်နဲ့ပဲဆုံးသွားရှာတယ် ရှီးအာအဖေဆုံးတော့မိထွေးဆိုတဲ့မိန်းမကအတွင်းပစ္စည်းတွေယူပြီးအိမ်ပေါ်ကဆင်းသွားတယ် အဲ့အချိန်တုန်းကရှီးအာကအသက်၁၆ ၁၇အရွယ်ပဲရှိသေးတာ အချိန်ပိုင်းအလုပ်တွေလုပ်ရင်းကျောင်းတက်ခဲ့ရတာလေ"

"ကိုကို့မှာအစ်ကိုရှိတယ်ဆို"

"အင်း...ရှီးအာအစ်ကိုကသူတို့အဖေနောက်မိန်းမယူကတည်းကအိမ်ပေါ်ကဆင်းသွားတာ တစ်ခါတစ်လေမှရှီးအာကိုလာလာတွေ့တယ် ခုနောက်ပိုင်းလာတာတောင်မမြင်မိသလိုပဲ"

"ဪ...ကိုကို့ဘဝကသနားဖို့ကောင်းတယ်နော်"

"ဒါပေမဲ့ရှီးအာလေးကစိတ်ထားကောင်းတဲ့ကလေးပါ သူ့ဘဝသူအဆင်ပြေအောင်ကြိုးစားရုန်းကန်တယ် ဘယ်လောက်ပဲပင်ပန်းပင်ပန်းလွယ်လွယ်ကူကူနဲ့လက်မလျှော့ဘူး"

"ပျောက်သွားလို့လိုက်ရှာနေတာဒီရောက်နေတာကို နေကောင်းတာလည်းမဟုတ်ဘဲနဲ့အပြင်ကိုဘာလို့ထွက်နေတာလဲ"

ကိုကို့အကြောင်းကိုပြောနေတုန်းကိုကိုကရောက်လာလေသည်။

"အိမ်ထဲမှာနေရတာပျင်းလို့ပါ အဲ့တာကြောင့်မားနဲ့စကားလာပြောနေတာ မားရဲ့အပင်လေးတွေကိုလည်းလာကြည့်ရင်း"

"ဟုတ်တယ်ရှီးအာရဲ့ ဖေးယွီလေးက
အပင်စိုက်တာဝါသနာပါတယ်တဲ့"

"ဟုတ်လား ကောင်းတာပေါ့ "

"ကျွန်တော့အိမ်မှာဆိုကျွန်တော်စိုက်ထားတဲ့အပင်တွေအများကြီးရှိတယ်
နောက်မှကိုကို့ကိုခေါ်သွားပြီးပြမယ်"

💛If We Meet Again...💛{Completed}Where stories live. Discover now