Meow-15

733 77 0
                                    

Zawgyi

ဒီနေ့တော့ စက်ရုံကိုစစ်ရမယ်... မနေ့ကတင် အခွန်ရုံးကလာစစ်သွားတယ်ဆိုတော့ ဘယ်အပိုင်းက ပြဿနာရှိလဲမသိဘူး...

"ယွန်း... ကုန်ချောတွေအကုန်အဆင်ပြေရဲ့လား..."

"ပြေပါတယ်ဂျာကြီး... ယွန်းပြောစရာရှိလို့..."

"ဘာများလဲ...မနေ့က အခွန်ရုံးကလာသွားတာနဲ့ပတ်သက်ပြီးလား..."

"အဲ့ဒါရော တခြားကိစ္စရော..."

"ပြောလေ ဘာများလဲ..."

"အခွန်ရုံးကလာစစ်တာ ဒီဘက်ကတရားမဝင် မြန်မာနိုင်ငံသားတွေ အလုပ်သွင်းတယ်ဆိုပြီး တိုင်ကြားခံရတယ်တဲ့ ပြီးတော့တိုင်ကြားသူကလည်း ပြိုင်ဘက်Companyက CEO Darl Ellyပါ..."

"ဘယ်လို သူနဲ့ဒီကိစ္စ ဘာပတ်သက်နေလို့လဲ😕..."

"အငြိုးထားပြီးလုပ်နေပုံရတယ်... ဟိုးတလောကတင် ဂျာကြီးလူမှုဆက်ဆံရေးကောင်းလို့ သူတို့ဘက်က အလုပ်သမားတွေ ဒီဘက်ပြောင်းလာတာကို အခဲမကြေပုံရတယ်..."

"ဟာမဆိုင်တာ... ကလေးဆန်လွန်းတယ်..."

"ဂျာကြီး ဘယ်လိုလုပ်မလဲ... ယွန်းကတော့ အခွန်ရုံးနဲ့ရှင်းလိုက်တယ်...ဒီစက်ရုံက အလုပ်သမားတိုင်းက အလုပ်သမားကဒ်တွေနဲ့ ဗီဇာအပြည့်စုံပါရှိကြောင်း မိတ္တူတွေပို့လိုက်ပြီ..."

"အဆင်ပြေတယ် အဲ့ဒါ...ငါ CEO Darl Ellyနဲ့တွေ့ချင်တယ်... ဖြစ်နိုင်ရင် ဒီညနေစီစဉ်ပေး..."

"ဟုတ်ဂျာကြီး..."

ယွန်းက သွန်းနန္ဒာမှူးရဲ့ ညီမဝမ်းကွဲပေမဲ့ အလုပ်လုပ်တဲ့နေရာမှာ တိကျလွန်းတယ်... စီးပွားရေးအမြင်ရှိတာကြောင့် သူဌေးကနေရာကြီးကြီးပေးထားတာဘဲ... မလွယ်ဘူး အားနည်းချက်ကို နင်းပြီး လိုချင်တာရအောင်ယူတတ်တဲ့ယွန်းက ကြောက်ဖို့ကောင်းတဲ့ မိန်းကလေးစာရင်းဝင်တယ်😓...

...........

အိမ်မက်ဆိုးတွေမက်နေတာ ဒီနေ့ဆို လေးရက်မြောက်နေ့ပေါ့...ဘဝက ထူးခြာတာလား မထူးခြားတာလား ကြယ်လေးမသိချင်တော့ လတ်တလောဟစာထဲစိတ်မပါ စာမေးပွဲနီးနေပြီ ကြယ်လေးရယ် အားတင်းထားစမ်းပါဟာ😔...

MeowWhere stories live. Discover now