Meow-7

1.2K 117 3
                                    

Zawgyi

နန်းကြာဖြူ ကျောင်းမလာဘူးတဲ့😔... သူအရမ်းနေမကောင်းဖြစ်နေတာလား... ဘာလို့ သူ့အကြောင်းတွေးမိတိုင်း ဒီရင်ထဲကဘာလို့ပူနေရတာလဲ😢... ဖြစ်နိုင်ရင် သူမရဲ့အချစ်ကို ပိုင်ဆိုင်ချင်တယ် ဖြစ်ခွင့်ရှိခဲ့ရင်ပေါ့...

"ဟူး... ဘယ်ဘတ်ရင်အုံက တဆစ်ဆစ်နဲ့ပါလား...ခက်ပြီ မင်းကို..."

"တိမ်ယံ ကျောင်းသွားဖို့ပြင်တော့😒..."

"ဟုတ် တီတီလေး..."

အသံလေးလေးကြီးနဲ့ အရင်ကလောက် သွက်လက်မှုမရှိတဲ့ တီတီလေး... ဆရာမစလာတဲ့နေ့ကတည်းက မျက်နှာမကောင်းဘူး... ဆရာမကိုလည်း ရှောင်နေတယ်🤔... အပေါင်းအသင်းမရှိဘဲ တစ်ချိန်လုံး အပြင်ဘဲထွက်နေတယ်...ဘာဖြစ်နေတာပါလိမ့်...ငါထင်ထားသလိုများ...

"ဟာ...မဖြစ်နိုင်ပါဘူး🧐..."

"တိမ်ယံဘာတွေမဖြစ်နိုင်နေတာလဲ🤨..."

"ဟို ဟိုလေ ဆရာမပေးထားတဲ့အိမ်စာစာအုပ်မေ့ကျန်ခဲ့တာလားလို့😁..."

"စာသေချာသင်နော် ကြားလား ဘာကိုမှပေါ့ပျက်ပျက်လုပ်မနေနဲ့😒..."

"ဟုတ်😁 ဒါနဲ့ တီတီလေး ဘာဖြစ်နေတာလဲ... မျက်နှာလည်းမ​ကောင်းဘူး😌..."

"ဘယ်လိုပြောရမလဲ🤔... အော် တီလေးအလုပ်လျှောက်တာလေ သင်တန်းစုံမတက်လို့တဲ့ သူတို့လိုချင်တာ LCCI Level 3ထိတော့အောင်ရမယ်တဲ့... အလုပ်မရဘူး နင်ကဘာညာ လုပ်ငန်းအတွေ့ကြုံမရှိဘူးဆိုပြီးပြောလိုက်လို့ စိတ်ညစ်လို့ပါ😔..."

မှူးရယ် နင့်ကြောင့်နဲ့ မုသာဝါဒကိုလည်း အာမဘန္တေမခံနိုင်တော့ဘူး... နင်ရက်စက်တယ်😞...

"တီလေးရယ်🤨 ညစ်စရာမရှိ ကြံဖန်ညစ်တယ်... ဒီရာထူးမရလည်းကျန်တဲ့ Companyမှာအလုပ်လျှောက်ပေါ့ တီလေးရဲ့အရည်အချင်းကို သဘောကျတဲ့သူကတော့ ရွေးချယ်မှာဘဲလေ မဟုတ်လား☺️..."

"ဟုတ်ပါရဲ့ ☺️တူတော်မောင်ကြောင့် အကြံရပြီ... ကျောင်းလည်းရောက်ပြီမလို့ ကြွတော့..."

"တီတီလေး ဟဲဟဲ😁 ဒီနေ့ကျောင်းကို Englandက ကျောင်းသူသစ်တစ်ယောက်ပြောင်းလာမယ်တဲ့ အာ့တာ တိမ်ယံSpeakig သင်တန်းတက်ချင်လို့ အမေ့ကိုပြောကူဦးနော်😙..."

MeowWhere stories live. Discover now