Meow-4

1.7K 168 5
                                    

Zawgyi

နန်းတော်ကြီးဆီသွားတဲ့ လမ်းတစ်လျှောက်မှာ ငါကိုယ်တိုင်သွားနေတာ အိမ်မက်များလား...
ဘေးနားလည်း နန်းတွင်းသူတွေအများကြီးဘဲ...

"နှမတော်လေး မြန်မြန်လျှောက်လေ မင်းသမီးက အခစားဝင်ခိုင်းတာကို☺️..."

"ဟုတ်ကဲ့ပါ အယ်🤨 ..."

ငါကဘယ်ရောက်နေလို့ သူတို့အသုံးနှုန်းတွေသိနေရတာလဲ ဒါက မြန်မာစကားပေမဲ့ ရှေးကျလွန်းတယ်🧐...နန်းတော်တည်ဆောက်ပုံက မန္တလေးလည်းမဟုတ်ပြန်ဘူး ပုဂံလည်းမဟုတ်ဘူး...ငါဘယ်ရောက်နေတာလဲ😖...

"ဟို🙁 အစ်မ ကြယ်လေးဘယ်ရောက်နေတာလဲ..."

"နှမတော်တော့ဘယ်လိုတွေပြောနေသလဲရိုင်းစိုင်းတဲ့အမူအကျင့်တွေ ဘယ်ကများတတ်လားသလဲ😟...နှမတော်က မင်းသမီးအတွက် လက်ဆောင်ပဏ္ဍာဆက်သခံရတဲ့ အနောက်ပိုင်းမင်းသမီးလေ အမှတ်သတိကပ်တော်မူပါ..."

"ဟမ် ကြယ်လေးက ရန်ကုန်ကပါ... အစ်မလူမှားနေပြီ😒..."
(အေးလေ သူပြောတာလည်း ဟုတ်တာဘဲ🤔)

"အလိုတော်😨 ရန်ကုန်ဆိုပါတကား...ကြားတောင်မကြားဖူးဘူးရယ် ဘယ်လိုတွေပြောဆိုနေသလဲ ဘယ်အရာကအတားဆီးဖြစ်နေသလဲ..."

"ဘယ်သူလဲ မင်းသမီးက...ဒါကရော ဘယ်နှခုနှစ်လဲ🙄..."

"နှမတော် စိတ္တကများ မိုးလေတွေလို ဖောက်ပြားနေသလား... ၁၇ရာစုလေ... ဘေးဘီဝန်းကျင်ကိုကြည့်ပါဦး... မင်းသမီးက နှမတော်ကိုသဘောကျလို့ သူ့မွေးနေ့အတွက် လက်ဆောင်တောင်းထားတာလေ နှမတော်ဘဲ လက်သင့်ခံပြီးတော့😓..."

"ဟာ 😲မဖြစ်နိုင်တာ...ကျွန်မကျောင်းသွားရဦးမှာ နောက်မနေနဲ့ အိမ်ပြန်ပို့တော့😢..."
(ကလေးကိုနောက်နေတာပါ🤣)

"ကျောင်း 😳ဟုတ်ပါသလား...ဘယ်လိုအရာမျိုးလဲ အစ်မတော်တို့ လေ့လာရတဲ့အထဲ မကြားဖူးပေါင် ဘယ်ကသင်လာသလဲ... စိတ္တတွေ ဖောက်ပြန်နေပြီထင်ပါရဲ့ သမားတော်ပြမှပါလေ..."

"ဘယ်သူက ကြယ်လေးကို လက်ဆောင်ပေးတာလဲပြော☹️မာမီလား ဒယ်ဒီလား ကြယ်လေးကရော ဘာအတွက်လက်ခံရမှာလဲ ရာဇဝင်ထဲက မင်းသမီးတွေက မင်းသားနဲ့ဘဲ ပေါင်းရတာလေ😭..."

MeowWhere stories live. Discover now