ကြယ်စင်ခရဲ့အချစ်ရေးကိုလည်းပရိသတ်တွေကအရမ်းစိတ်ဝင်စားနေကြတယ်
ပရိသတ်ကြီးအတွက်ဖြေပေးပါဦးနော်ထိုစကားကြောင့်ရှက်ပြုံးလေးဖြင့်
"ခကိုခ,ရဲ့ပရိသတ်တွေလောက်
ဘယ်သူ့မှချစ်နိုင်ကြမှာမဟုတ်ပါဘူး
ဒါကြောင့်အချစ်ရေးကိုမစဥ်းစားသေးပါဘူး"ကြယ်စင်ခရဲ့စကားလေးအဆုံးမှာတော့လက်ခုပ်သြဘာသံများဖြင့်ပြည့်နှက်သွားလေသည်၊၊
အဆိုတော်ဆိုတဲ့ဘဝခရီးကိုကိုယ်တိုင်လိုချင်ခဲ့ပေမဲ့တစ်ခါတစ်ရံတော့စောင့်ကြည့်နေတဲ့မျက်လုံးပေါင်းများစွာကိုမုန်းမိသည်၊၊
"အာ....
ခင်ဗျားကိုကျူပ်အခန်းထဲမဝင်နဲ့လို့ဘယ်နှခါပြောရမလဲ""အခန်းကရှုပ်နေလို့ပါကလေးရဲ့"
ကလေးတဲ့လား.....
ဒီနာမ်စားကတစ်ချိန်က
သိပ်ကိုချိုမြိန်ခဲ့ဖူးပါတယ်....."ကျူပ်ကိုကလေးလို့မခေါ်နဲ့လို့ခင်ဗျားပြောတာလည်းအကြိမ်ပေါင်းမနည်းတော့ဘူး.....
လူလိုနားမလည်တာလားဒေါ်မိုးဟေမာန်"ကြယ်စင်ခအော်ပြောပြီးစီးကရက်လေးကိုမီးညှိကာနှုတ်ခမ်းမှာတေ့လိုက်လေသည်၊၊ဒါကိုထိုအမျိုးသမီးကမြင်တော့စီးကရက်ကိုဆွဲလုပြန်သည်၊၊
"ဟာ....ခင်ဗျားကလာစားနေတာပဲ
ကျူပ်ကိုတားရအောင်ခင်ဗျားကဘာမို့လဲ
အဟက်.....ယောင်းမမို့လို့လား"ထိုအမျိုးသမီးကအောက်နှုတ်ခမ်းကိုတင်းတင်းကိုက်ထားပြီးပါးပြင်ထက်မျက်ရည်တွေကျလို့လာလေသည်၊၊
ကြယ်စင်ခလည်းထိုအမျိုးသမီးကိုလျစ်လျူကာမွေ့ယာပေါ်ပစ်လှဲလိုက်တော့သူမအခန်းမှကျောခိုင်းကာထွက်သွားလေသည်၊၊
နာကျင်စေတဲ့စကားတွေနဲ့
ကိုယ်ချစ်တဲ့သူကိုထိုးနှက်ရတာ
ကိုယ်,ကိုယ်တိုင်ပါငရဲကျနေရသလိုပင်......အတိတ်ကဒဏ်ရာတွေကိုပြန်လည်တူးဆွခြင်း.....
"မြေးလေး....
ခဏနေဆရာမလာလိမ့်မယ်"ကြယ်စင်ခမျက်နှာလေးဆူပုတ်ပြီး
"ဖွားဖွားကလည်း.....
ခ ပြန်မဖြေတော့ဘူးပြောတယ်လေ"
YOU ARE READING
သံစဥ်မညီတဲ့တေးသွား
Short Storyအချစ်ဆိုတာ.... နာကျင်စရာတွေ ရင်ခုန်ပျော်ရွှင်စရာတွေနဲ့ ဖွဲ့စည်းထားသည်😘😘