အပိုင်း(၂)

2.2K 175 4
                                    

"ဟေး....ခင်ဗျား
ကျူပ်ကူသယ်ပေးမယ် ပေးပေး"
ကြယ်စင်ခတစ်ယောက်တံမြတ်စည်းနဲ့ဂေါ်ပြားတစ်ထောင်ထောင်နှင့်အထုပ်ပေါင်းများစွာလက်မှာပြည့်နေတဲ့မိုးကိုကူပေးလိုက်လေသည်၊၊

"ရပါတယ် ပြန်ပေး"

"ခင်ဗျားဟာကျူပ်မခိုးပါဘူး
ဘာဝယ်ဦးမှာလဲ"
ကြယ်စင်ခဘောက်ဆတ်ဆတ်လေးပြန်ပြောလိုက်သည်၊၊

မိုးဟေမန် ကြယ်စင်ခပခုံးလေးကိုရိုက်ပြီး
"ကောင်းကောင်းပြောစမ်း"

"အား....လူကိုရိုက်တယ်
ဂေါ်ပြားတစ်ထောင်ထောင်နဲ့ခင်ဗျားရှိုးပဲ့နေတာကိုကူလည်းကူပေးရသေးတယ်"

မိုးဟေမန် နှုတ်ခမ်းလေးဆူပြောနေတဲ့ပါးဖောင်းဖောင်းလေးနဲ့ကလေးမလေးကိုကြည့်ပြီးအသဲတွေယားလာမိသည်၊၊

"ဟေး.....
ဒီမှာခင်ဗျားမတ်တပ်ရပ်ပြီးတရားမှတ်နေတာလား ဝယ်စရာမရှိတော့ရင်လည်းပြန်ကြမယ်လေ"

ကြယ်စင်ခပြောပြီးစျေးပေါက်ဝကိုလျှောက်သွားလေသည်၊၊မိုးဟေမာန်လည်းနောက်ကနေအမြန်လိုက်လေသည်၊၊

"ရပြီလား...."

မိုးဟေမန် တံမြတ်စည်းနဲ့ဂေါ်ပြားကိုလက်တစ်ဖက်ကကိုင်ပြီးတစ်ဖက်ကကြယ်စင်ခခါးလေးကိုဖက်ထားလိုက်လေသည်၊၊

မိုးဟေမာန်ရဲ့လက်သွယ်သွယ်လေးတွေကသူမခါးဆီရောက်လာသည်နှင့်ကြယ်စင်ခအလိုလိုပြုံးမိပြန်သည်၊၊

ရုတ်တရတ်ဖြတ်သွားတဲ့ကားရဲ့အချိုးမပြေမှုကြောင့်မှောက်တော့မယ့်စက်ဘီးကိုကြယ်စင်ခမနည်းထိန်းလိုက်ရသည်၊၊

"မသာတွေဘယ်လိုမောင်းနေတာလဲ
စောက်ရေးကိုမပါဘူး"

ယိုင်ကျသွားတာကိုမနည်းထိန်းလိုက်တာမို့ဘာမှမဖြစ်ပေမဲ့နှစ်ယောက်လုံးနည်းနည်းတော့လန့်သွားလေသည်၊၊

"ခင်ဗျား ဘာဖြစ်သွားသေးလဲ
အဆင်ပြေရဲ့လား"

"အဆင်ပြေတယ်....ဘာမှမဖြစ်ဘူးနော်"

တောက်စ်....
ကားစီးနိုင်တယ်ဆိုပြီးလူပါးဝတာ

မိုးဟေမာန် ကြယ်စင်ခကျောလေးကိုဖွဖွလေးပုတ်ပေးပြီး
"စိတ်လျှော့ပါကလေးရယ်
ကိုယ်ပဲအကုသိုလ်များတယ်"

သံစဥ်မညီတဲ့တေးသွားWhere stories live. Discover now