🌙 Episode ㅡ 9 🌞

342 39 6
                                    

( Zawgyi )

Tiffany - ' အိမ်မက်ထဲလည်း ပဲမြစ်လေး မက်နေဦးမယ် hahaha '

ခုထိကို ရယ်ကြောမပြတ်သေးပဲ ကားထဲကနေ ခေါင်းထွက်ကာ သူမကို စနေတဲ့ သူမရဲ့ သူငယ်ချင်းဖြစ်သူကို Jessica တို့ လှမ်းရိုက်ကာ………

Jessica - ' နင်သာ မက် အစုတ်ပလုတ်ရဲ့။ သူ့ ရှေ့ စလို့ကတော့ ငါ နင်နဲ့ စစ်ခင်းပစ်မယ် '

Jessica ရဲ့ ခါးထောက် ရင်ကော့ပြီး ပြောလိုက်တဲ့ Sica စကားကြောင့် Tiffany တို့ အားပါးတရ ရယ်ချလိုက်ပြီး ကြောက်နေဟန်လုပ်ကာ………

Tiffany - ' အမလေးလေး ကြောက်ဖုတ်ကောင်းလိုက်တာ Sica ရယ် '

Jessica - ' ကမစုတ် ငါ့ကို စမနေနဲ့ ပြန်တော့ မိုးချုပ်နေပြီ '

Tiffany - ' အဟမ်း ok ok အဲ့ဆို ငါသွားတော့မယ်နော် နောက်တစ်ခေါက်မှ ထပ်တွေ့မယ် Sica ရေ '

Jessica - ' omm Bye Fany ကားကို ဂရုစိုက်မောင်းနော် '

သူမကို လက်ပြပြီးတာနဲ့ မောင်းထွက်သွားတဲ့ သူငယ်ချင်းဖြစ်သူရဲ့ ကားလေးကို မြင်ကွင်းမှ ပျောက်သွားသည်အထိ Jessica ငေးပြီးသွားတာနဲ့ အိမ်ထဲဝင်ရန် နောက်ကို လှည့်လိုက်တော့ ယောကျာ်း တစ်ယောက်က သူ့ ရှေ့မှာ ရပ်ပြီး သူမကို ရီဝေဝေ အကြည့်နဲ့ ကြည့်နေလေသည်။ အနားမှာလည်း အရက်နံ့တွေက တထောင်းထောင်းထလျက်………

Man - ' ဝါး အလန်းလေးပါလား ဘယ်က ပြန်လာတာလဲ အဟိ '

သာမာန် ယောကျာ်းတွေနဲ့တောင် သိပ် အရောတဝင်မလုပ်တဲ့ Jessica အဖို့ ဒီလို အရက်မူးတဲ့သူနဲ့ဆို စကားပြန်ပြောဖို့ ဝေလာဝေးစွ။ သူမလည်း အဖက်မလုပ်ကာ အိမ်ထဲဝင်ဖို့ ချာခနဲ လှည့်ထွက်လိုက်တော့ သူမ ပခုံးကို လှမ်းကိုင်လိုက်တဲ့ ထိုသူကြောင့် စိတ်ကသိကအောက် ဖြစ်သွားကာ ထို လူ့ကို တစ်ခုခု ဆုံးမမှဖြစ်မယ်ဟု တွေးကာ အကျီင်္လက်ကို ခေါက်တင်လိုက်လေသည်။ သို့သော်လည်း သူမ ထိုလူ့ဘက်တောင် မလှည့်ရသေးခင်မှာပဲ သူမတို့ အိမ်တံခါးမှာ ပွင့်လာပြီး လူတစ်ယောက် ထွက်လာလေတယ်။ Sica လည်း သူ့ ညီမလား သူ့ မိဘတွေလား သေချာကြည့်နေစဉ်မှာပဲ တွေ့လိုက်ရတာက………

Ice VS Heat {Completed} (Z+U) ☑ Where stories live. Discover now