Final

173 17 2
                                    

(Zawgyi)

" Sooyeon ရေ သမီးလေး သက်သာတာ သေချာရဲ့လား ၊ မသက်သာရင် နားနော် Omma ရက်ရွေ့ခိုင်းပေးမယ် "

သူမ နဖူးကို လာစမ်းကာ ဂရုဏာမျက်ဝန်းနဲ့ မေးလာတဲ့ အမေဖြစ်သူကို အပြုံးတွေနဲ့ ကြည့်ရင်း

Jessica - " သက်သာပါတယ် omma ရဲ့ ဒါနဲ့  Appa နဲ့ Soojung ရော? "

Mrs.Jung - " သမီး အဖေက ရှေ့မှာ ကားသွား ထုတ်ထားပြီး တွေ့ဆုံပွဲ သွားဖို့ ရယ်ဒီ စောင့်နေတယ် ၊သမီး ညီမကတော့ မပြောချင်တော့ဘူး အချိန်မှီ ပြန်ခဲ့ပါဆိုနေ မနက်ကတည်းကနေ ခုထိ အိမ်ကို ပြန်ရောက်မလာသေးဘူး၊ ဒီကောင်မလေးတော့ အဆူခံထိချင်နေပြီထင်တယ် "

Jessica - " ကဲပါ omma ကလည်း ကလေးကို ပြန်လာရင်လည်း မဆူပါနဲ့ သူလည်း လွတ်လွတ်လပ်လပ် နေရမယ့် အရွယ် ရောက်ပြီလေ၊ နောက်ပြီး သူ့ ချစ်သူကလည်း အပေအတေမဟုတ်ပဲ လူကောင်း လူသန့်လေးမလို့ စိတ်ချရပါတယ် "

Mrs.Jung - " ဟေ ဒါဆို သူ ရည်းစားရနေတာ တကယ်ပဲပေါ့၊ omma ထင်သားပဲ၊ ဘယ်လိုလဲ? သမီးနဲ့ မိတ်ဆက်ပေးတာလား "

Jessica - " အဲ့လိုတော့ မိတ်ဆက်မပေးသေးပါဘူး "

Mrs.Jung - " ဟင် ဒါဆို သမီးက ဘယ်လိုသိ.. "

" မပြီးသေးဘူးလား မိန်းမရေ.. " (shout)

Mrs.Jung - " ကဲ လာ လာ အပြန်မှ ဆက်ပြောကြတာပေါ့ ဟိုမှာ သမီးအဖေ ကားထဲကနေ လှမ်းအော်နေပြီ "

*****************************

At SoShi(5-star) Hotel,,

ကားပါကင် သွားထိုးတဲ့ omma နဲ့ Appa ကို စောင့်နေတဲ့ Jessica တစ်ယောက် ခါးကို လာဖက်တဲ့ လက်တစ်ဖက်ကြောင့် နောက်လှည့်ကြည့်လိုက်တော့ မတော်ရသေးတဲ့ ယောက္ခမလောင်းပင်။

Mrs.Im - " သမီး ဘယ်သူ့ကို စောင့်နေတာလဲ "

Jessica - " Arr omma နဲ့ appa ကို စောင့်နေတာပါ Ommonyi "

Mrs.Im - " aww ဘယ်သွားလို့လဲ? "

" awww ရောက်လာကြပြီလား ခမည်းခမက်တို့ "

Ice VS Heat {Completed} (Z+U) ☑ Where stories live. Discover now