🌙 Episode ㅡ 7 🌞

251 37 8
                                    

( Zawgyi )

" ပြန်ရောက်ပါပြီ "

အိမ်ရှေ့က သမီးဖြစ်သူရဲ့ အသံကိုကြားတော့ ထမင်းစားခန်းထဲကနေ Appa Jung တို့ Omma Jung တို့နဲ့အတူ ချစ်ညီမလေး Krystal ပါ living room ဘက် ထွက်လာလေသည်။

Mrs.Jung - ' ဘယ်လိုလည်း ပျော်ခဲ့ရဲ့လား omma သမီးလေး '

ပြုံးစိစိနဲ့မေးလာတဲ့ Omma ဖြစ်သူကြောင့် Jessica တစ်ယောက် အပေါက်ဝနားထိ ပြုံးလာခဲ့တဲ့ အပြုံးတွေကို ဖုံးကွယ်လိုက်ရင်း ချောင်းဟန့်ကာ………

Jessica - ' အဟမ်း ဘာတွေ မေးနေတာလည်း omma ကလည်း '

သူမရဲ့ အဖြေကြောင့် အကြောင်းသိနေတဲ့ မိဘနှစ်ပါးကနေတော့ ခပ်ပြုံးပြုံးနဲ့ပဲ ဆိုဖာမှာ ဝင်ထိုင်ရင်းသာ ပြီးဆုံးသွားလေတယ်။ အဲ အဲ့လို သူမ Appa နဲ့ omma ရဲ့ reaction တွေက ဆက်မေးမယ့် အရိပ်အယောင် မပေါ်တော့တာကို Jessica သိသွားပြီး အသက်ရှူချောင်သွားသဖြင့် အပေါ်ကို တက်ပြေးရန် ပြင်လိုက်သော်လည်း သူမ ပထမ ခြေလှမ်းတောင် မပြင်စဉ်ရသေးခင်မှာပဲ FBI က သူ့ ညီမ Krystal မှာ သူမ ရှေ့ ပိတ်ရပ်လိုက်လေသည်။ထုံးစံအတိုင်း ပွဲကြည့်သူ မိဘများကတော့ သူ့ အမကို မခံချင်အောင် စတတ်လွန်းတဲ့ သမီးဖြစ်သူ Krystal ဘာပြောမလည်းဆိုတာကိုသာ ထိုင်ကြည့်နေလေတယ်။

Krystal - ' အိုး ဟိုး ဒီနားမှာ ပျော်ရွှင်ခြင်း အငွေ့အသက်တွေ ရနေသလိုပဲ '

နှာခေါင်းလေး တရှုံ့ရှုံ့လုပ်ပြီး သူမအနား လာရပ်ကာ ပြီတီတီရုပ်နဲ့ ပြောနေတဲ့ သူ့ ညီမကို Jessica မျက်စောင်းတစ်ချက်ထိုးကာ………

Jessica - ' ဘာကို ပျော်ရွှင်ခြင်း အငွေ့အသက်လည်း အစုတ်ပလုတ်ရဲ့ ဖယ်စမ်းပါ လူကမှ ပင်ပန်းလာပါတယ်ဆို ရုပ်ကိုက ပြောင်တိ ပြောင်ချော်နဲ့။ နင်က ငါ့ ညီမ မဟုတ်ပဲ ဟို မျက်နှာရူး CEO ရဲ့ညီမ ဖြစ်ရမှာ '

သူမ စကားကိုကြားတော့ Krystal မှာ ဟားခနဲ ရယ်ချလိုက်ကာ………

Krystal - ' ဟားး ဟားး သောင် RS တွေများ ပိုကို ပိုလွန်းတယ်။ အမယ်လေး ခုမှ ချိန်းတွေ့ပြီး ပြန်လာတာကို ကြည့်စမ်း နာမည်ကို ပါးစပ်က မချနိုင်ဖြစ်နေတာ။ စိတ်ချပါ Unnie သာ Yoona Oppa ကို ယူလိုက်ရင် Unnie ဖြစ်စေချင်တဲ့အတိုင်း Jaw က သူ့ ညီမ ဖြစ်မှာရယ် မပူနဲ့ ခိခိခိခိ XD '

Ice VS Heat {Completed} (Z+U) ☑ Where stories live. Discover now