🌙 Episode ㅡ 3 🌞

417 55 8
                                    

( Zawgyi )

At Dinner,

စားပွဲဝိုင်းကြီး တစ်ခုမှာ အမျိုးသား တစ်ယောက် / အမျိုးသမီး တစ်ယောက်နဲ့ ကောင်လေး တစ်ယောက်က တစ်ဖက် / နောက် တစ်ဖက်မှာလည်း အမျိုးသား တစ်ယောက် / အမျိုးသမီး တစ်ယောက်နဲ့ ကောင်မလေး ၂ ယောက်က တစ်ဖက်နဲ့ အသီးသီး ထိုင်နေလေတယ်။ထို သူတွေကတော့ အခြားသူတွေ မဟုတ် Im Gp နဲ့ Jung Gp တို့ ဖြစ်ကြလေတယ်။

Mr.Jung - ' ဒါနဲ့ ငါတို့ သားသမီး ကိစ္စကရော ဘယ်လိုလုပ်မတုန်းကွ '

Mr.Im - ' ငါတို့ကတော့ မြန်လေ ကြိုက်လေပဲကွာ ဘာလို့လည်း ဆိုတော့ ငါတို့တွေ အသက်အရွယ်လည်း ရလာပြီလေ။ အဲ့တော့ မသေခင်လေး မြေးချီသွားချင်တာပေါ့ '

Mr.Im က အဲ့သလို ပြောလိုက်တော့ မျက်နှာချင်းဆိုင် ထိုင်နေကြတဲ့ Yoonsic ၂ ယောက်မှာ………

YoonSic - ' အဟွတ် အဟွတ် အဟွတ် '

Krystal ကတော့ ထို လင်များ ၂ ယောက်အား ကြည့်ပြီး ငါးခူပြုံး ပြုံးကာ………

Krystal - ' အမလေးလေး တချို့ ၂ ယောက်များ အဲလေ တချို့တွေများ ပြောတော့သာ မကြိုက်ဖူးလေး ဘာလေးနဲ့ အခုများကြတော့ ကြိတ် သဘောကျ နေကြလိုက်တာများ ချောင်းဆိုးတာတောင် အတူတူ ထဆိုးနေတဲ့ အဖြစ် '

All except Yoonsic  - ' Ha ha ha ha h……… '

Yoona  ကတော့ သူ့ရဲ့ မတော်ရသေးတဲ့ ခယ်မလောင်းအား စိတ်ထဲမှ ဆုတောင်း မေတ္တာ ပို့သနေသော်ငြားလည်း Jessica မှာမူ သူ့ ညီမအား အသံတိတ် မျက်ဝန်းတွေဖြင့် *နင် အိမ်ရောက်မှ တွေ့မယ်* ဟု ပြောနေလေသည်။Krystal ကတော့ သူ့ အစ်မရဲ့ မျက်ဝန်းတွေကို တွေ့တော့ မထုံတတ်တေးဖြင့် လျှာထုတ် ပြောင်ပြလိုက်လေသည်။

Mr.Jung - ' အဲ့တာဆို ငါတို့ နောက်လလောက်ဆို ကောင်းမလားလို့? '

Mr.Im  - ' Imm ကောင်းသားပဲ Jung ရေ အဲ့တာဆို ငါတို့ နောက်လ 5 ရက်နေ့မှာ စေ့စပ်ပွဲ အကျဉ်းချုပ်လုပ်ပြီး 9 ရက်နေ့ကျ လက်ထပ်ပွဲ စီစဉ်ကြရအောင် '

Mr.Jung - ' Oh Great ရက်ကောင်းပဲ ဒါနဲ့ သားနဲ့ သမီးကရော မင်္ဂလာပွဲနဲ့ ပက်သက်ပြီး ဘာပြောစရာ ရှိသေးလဲ? '

Ice VS Heat {Completed} (Z+U) ☑ Where stories live. Discover now