💚 Episode ㅡ 15 🙅

504 59 8
                                    

(Unicode)

Taeyeon အပြင်ထွက်ကာ ဖုန်းပြောနေသဖြင့် Jessica နှင့် Yuri တို့မှာ Tiffany ကို ကပ်ပြီး နားပူနားဆာလုပ်နေလေတယ်။

Jessica - ' အပြန်ကျ ဘာတွေဖြစ်ခဲ့လည်း ငါတို့ကို ပြန်ပြောဖို့ မမေ့နဲ့နော် '

Yuri - ' အေး နောက်ပြီး တစ်ခုခုဆို သင်စရာ မလိုရစေနဲ့ကြားလား '

Jessica - ' ငါတို့ နောက်က လိုက်ချောင်းရင် ကောင်းမလား? '

Tiffany - ' yahh နင်တို့က နောက်က လိုက်ချောင်းပြီး ဘာလုပ်မလို့လဲ? '

Yuri - ' arigooo လိုက်မနေပါနဲ့ sica ရယ် သူတောင် ၂ ယောက်တည်း ကမ္ဘာဖြစ်ချင်နေလို့ နေမှာပေါ့ '

Tiffany - ' yahhh ငါ အဲ့လိုပြော......... '

Tiffany ပြောနေတုန်း Taeyeon မှာ တံခါးဖွင့်ကာ ပြန်ဝင်လာလေတယ်။ ထို့အပြင် သူ တစ်ယောက်တည်း ဝင်လာသည်မဟုတ် နောက်မှာ Mask တပ်ထား ၂ ယောက်ကလည်း shopping အထုပ်များဆွဲကာ ဝင်လာလေတယ်။ သူတို့ ၃ ယောက်လည်း ဘယ်သူတွေလည်းဆိုပြီး Mask ချွတ်သည်ကို ကြည့်မိတော့.........

Jessica - ' Seo? '

Yuri - ' Yoo...YoonA? '

Taeyeon - ' အဟမ်း ကျွန်တော် ခေါ်လိုက်တာပါ ဒီနေ့ အတူတူ လည်ကြရအောင် '

Taeyeon Yoonhyun ၂ ယောက်ဝယ်လာတဲ့ အထုပ်တွေကို လိုက်ပေးရင်း ပြောလေတယ်။

Taeyeon - ' ဒါနဲ့ ဒီမှာ အဝတ်လဲခန်း ရှိလား? '

Jessica - ' ဒီမှာတော့ သန့်စင်ခန်း တစ်ခန်းပဲ ရှိတာ အဲ့ထဲ ဝင်လဲရင် ရတယ် '

Taeyeon - ' အဲ့ဆို Sica နဲ့ Yuri shi က အထုပ်ထဲက အဝတ်အစားတွေကို အဲ့ထဲ ဝင်လဲလိုက်ပါ Yoona မင်းက မျက်နှာချင်းဆိုင် အခန်းထဲ ဝင်လဲလိုက် ငါ စောင့်ပေးမယ် Seo မင်းကတော့ ဟိုမှာ လိုက်ကာ မြင်လား အဲထဲသာ ဝင်လဲလိုက်တော့ XD '

Taeyeon စကားကို Seohyun ကြားတော့ အချဉ်ပေါက်သွားကာ ရွဲ့ပြီး.........

Seohyun - ' အေးအေး ရပါတယ် ငါ အပြင်က သူနာပြုမလေးတွေ ထိုင်နေတဲ့ ကောင်တာထဲပဲ ဝင် လဲလိုက်တော့မယ် သက်လား ashh ဘယ်နဲ့ ငါ့ကျမှ ဒိုးချင်းပေါက်ကြီး '

Taeyeon - ' Haha စတာပါကွာ လာ မင်းနဲ့ ငါက Yoona ပြီးရင် အဲ့ အခန်းထဲပဲ လဲရမယ် Come on သွားစို့ '

In A Relationship With My Anti Fan (Z+U) ☑ Where stories live. Discover now