💚 Episode ㅡ 4 🙅

612 82 18
                                    

(Unicode)

Taeyeon တစ်ယောက် မနေ့က Sica ကို သွားကြိုပြီး Yoona နဲ့ တွေ့ပြန်လာကတည်းကနေ အခုထိ IG မသုံးရသေးသဖြင့် IG ဆိုတဲ့ App ကို နှိပ်လိုက်လေတယ်။ ထို့နောက် များပြားစွာသော Noti များက သူ့အား စောင့်ကြိုနေလေတယ်။ သူလည်း အားလုံးကို ကျော်ခွကာ Following ဘက်ကို နှိပ်မယ်ပြင်လိုက်တော့ Noti တစ်ခုက သူ့ အမြင်ကို ဖမ်းစားသွားလေတယ်။ထို Noti ကတော့………

* tiffanyyoungoffical started following you.   1d *

Taeyeon - ' Huh? Tiffany  အစစ်များလား? Eshhh မဟုတ်လောက်ပါ……… Omo Blue Mark ကြီးနဲ့ တကယ်ပဲ Daebak……… '

Taeyeon မယုံပဲနဲ့ ကျော်သွားမယ်လုပ်ပေမယ့် လက်က သူ့ အလိုကို မလိုက်ပဲ  ထို noti ကို နှိပ်လိုက်လေသည်။ သူတွေ့လိုက်ရတာကတော့ ထို profile ရဲ့ အောက်က အပြာရောင် အမှန်ခြစ်အမှတ်လေးကို။ ထို့နောက် Taeyeon ထအော်ကာ မသိစိတ်က ပျော်ရွှင်မှုနဲ့ ကြည်နူးမှုကိုတော့ သူ လစ်လျူရှုလိုက်လေသည်။

Taeyeon - ' အဟမ်း ဘာ စိတ်ကူး ပေါက်သွားတာပါလိမ့် ဒီ ဘွားတော်က '

ထို့နောက် Taeyeon Yoona ဆီ ဖုန်းလှမ်းဆက်ကာ အကျိုးအကြောင်းကို ပြောပြလေသည်။ တကယ်တမ်း သူ မသိလို့သာရယ် သူ့ လေသံက ကြွားနေတဲ့ လေသံဆိုတာကိုလေ………

~~~~~~~~~~~~~~~~~~~~~~~~~~~

15 days Later,At 9:00 AM

Taeyeon တစ်ယောက် * 9th Tour in Seoul * ဆိုတဲ့ JTY အဖွဲ့ ရဲ့ Concert သွားရန်အတွက် တစ်ကိုယ်လုံးကို Jessica နဲ့ ပက်သက်တဲ့ offical ပစ္စည်းတွေ ဆင်မြန်းနေလေတယ်။ ထို့နောက် Jessica ရဲ့ Poster ကြီးကို ချစ်ရည်ရွှန်းလဲ့ မျက်ဝန်းလဲ့ညိုညိုနဲ့ စိုက်ကြည့်နေစဉ် အိမ်ရှေ့မှ တံခါးဘဲလ်တီးသံကို ကြားလိုက်ရလေသည်။

• Ting Tong •

Taeyeon - ' ဘယ်သူပါလဲ? '

Taeyeon ပါးစပ်ကလည်းမေး လက်ကလည်း တံခါးကိုဖွင့်လိုက်တော့..

လက်တစ်ဖက်က * 사랑해요  제시카 * ဆိုတဲ့ Banner ကြီးကို ကိုင်ကာ နောက်တစ်ဖက်က Jessica ရဲ့ With Love J ထဲက ပုံနဲ့ Poster ကြီးကို ကိုင်ထားပြီး နဖူးမှာလည်း အဝါရောင် အကွက်ထဲကိုမှ Jessica ဆိုသော အဖြူရောင် စာတန်းလေးကလည်း ထင်းခနဲ။ဖိနပ်ကို ကြည့်လိုက်တော့ Jessica ရဲ့ B&E ကုမ္ပဏီက ဈေးအကြီးဆုံး အမဲရောင် sneaker လေးဖြစ်ပြီး ခြေအိတ်ကလည်း ထိုနည်းတူစွာပင်။ အကျီၤကတော့ Jessica နဲ့ ထို အကျႌပိုင်ရှင် တွဲရိုက်ထားတုန်းက ပုံလေးနဲ့ T-Shirt အဖြူရောင်လေးကို ဝတ်ဆင်ထားပြီး ဘောင်းဘီကတော့ Jessica ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ * My Decade * ဆိုတဲ့ Solo Album ထဲက Summer Storm ဆိုတဲ့ သီချင်းထဲတွင် သူ Jelly နင်ရတဲ့ အခန်းမှာ Jessica ဝတ်တဲ့ ဘောင်းဘီ အဖြူရောင် အတိုလေးကို ဝတ်ဆင်ထားလေသည်။ ဒီလိုကျတော့လည်း မိန်းကလေးဖြစ်ရတာ ကောင်းသားပဲ ကိုယ့် idol က Female နေနေ Male နေနေ သူတို့ ဝတ်တဲ့ အဝတ်အစားကို လိုက်ဝတ်လို့ရတယ် ဟု Taeyeon စိတ်ထဲက တွေးလိုက်ကာ Yoona ပြောခဲ့တဲ့ ဘန်ကောက်သွားပြီး ခွဲစိတ်လိုက်ပါလား ဆိုသော စကားတောင် နားထဲ ပြန် ကြားယောင်လာမိလေသည်။

In A Relationship With My Anti Fan (Z+U) ☑ Where stories live. Discover now