💚 Episode ㅡ 7 🙅

468 67 18
                                    

(Unicode)

Yoona အိမ် ရောက်ရောက်ခြင်း အဝတ် အစားတောင် မလဲအားပဲ သူမ အဖေ ထိုင်နေတဲ့ ဧည့်ခန်းကို တန်း သွားလိုက်လေတယ်။

Yoona - ' Appa သိနေတာလား? '

Mr.Im ကတော့ ဗြုန်းစားကြီး ရောက်ချလာပြီး ဗြုန်းစားကြီး မေးခွန်း ကောက်မေးလိုက်တဲ့ သူ့ သမီးကြောင့် ဖတ်လက်စ စာအုပ်ကိုချ၍ မျက်မှန်ကို ချွတ်ပြီး သူ့ သမီးအား ကြည့်ကာ………

Mr.Im - ' ဘာကိုတုန်း သမီးရဲ့ '

Yoona သူ့ကို ပြုံးစိစိနဲ့ မေးခွန်း ပြန်ထုတ်နေတဲ့ သူ့ အဖေအား မျက်စောင်း တစ်ချက် ထိုးလိုက်ကာ………

Yoona - ' Appa မသိ ချင်ယောင် ဆောင်မနေနဲ့ ဒီနေ့ ဟို JTY အဖွဲ့က တစ်ယောက်နဲ့ RS ချိတ်ခိုင်းတဲ့ထဲ Appa ပယောဂ ပါတယ်မလား? အဲ့တာကြောင့် သမီးကို မလွှတ်စဖူး Concert တွေ ဘာတွေ သွားခိုင်းတာမလား? '

Yoona အဲ့သလို မေးလိုက်တော့မှ Mr.Im မှာ ရယ်ချလိုက်ရင်း သူ့ သမီး ခေါင်းလေးကို ပုတ်ကာ………

Mr.Im - ' Appa လည်း အစက အဲ့သလို လုပ်ဖို့ မရည်ရွယ်ပါဘူး သမီးရယ် ဒါပေမယ့် မနေ့ညက သမီးတို့ ၂ ယောက် သတင်းက Popular ဖြစ်သွားတာလေ။ အစက Appa တို့က ရှယ်ယာကိစ္စပဲ ဆွေးနွေးနေကြတာရယ် အဲ့ RS ကိစ္စကို စဉ်းတောင် မစဉ်းစားဖြစ်ကြဘူး။ '

Yoona - ' Gshhhhh ဒါဆို ဘာလို့ စီစဉ်ပေးလက်စနဲ့ Jessica နဲ့ ဖြစ်အောင် မစီစဉ်ပေးတာလည်း Appa ရာ '

Mr.Im - ' အမယ် သမီး ဖြစ်စေချင်တဲ့ သူနဲ့ Appa က စီစဉ်ပေးရအောင် Appa က မီယမ်မာက မအေးအေးဝင်းလည်း မဟုတ်။ နောက်ပြီး မနေ့ညက သမီးနဲ့ သတင်းထွက်တာ Jessica မှ မဟုတ်တာ Yuri လေ '

Yoona - ' Whatever , Appa စီစဉ်ပေးရင် လူတောင် သိကြားမင်း ဖြစ်နိုင်ပါတယ် Appa ရာ ဒါသက်သက် Appa က Yuri ကို သဘောကျလို့ သမီးဆီ အတင်း ထိုးပေးတာမလား? '

ဟုတ်ပါသည် Yoona အဖေ Mr.Im မှာ Kwon Yuri ၏ အမာခံ ပရိသတ်ကြီးပင်။

Mr.Im - ' သမီးနော် Appa က စေတနာနဲ့ ချွေးမကောင်းလေး ရှာပေးတာကို ဝေဒနာ ဖြစ်အောင် မလုပ်နဲ့ Appa က ဒါဆို ဒါပဲလုပ် မငြင်းနဲ့ !! '

Yoona - ' Oppa ရှိနေတာပဲလေ Oppa နဲ့ Date ခိုင်းလိုက်ပေါ့ Appa ဒီလောက် သူနဲ့ အမျိုး တော်ချင်နေရင်လည်း '

In A Relationship With My Anti Fan (Z+U) ☑ Where stories live. Discover now