💚 Episode ㅡ 8 🙅

418 57 7
                                    

(Unicode)

' Morning Appa '

ထမင်းစားခန်းထဲကို ဝင်ဝင်ချင်း ညက ကိစ္စတွေကို သတိမရပဲ Taeyeon တစ်ယောက် Mr.Kim အား နှုတ်ဆက်လိုက်လေသည်။

Mr.Kim - ' Morning ငါ့ သား ဘာ စားမလဲ? Arjima ကို ပြောလိုက် '

Taengoo လည်း သူ့ အဖေ အဲ့သလို ပြောလိုက်တော့ ပန်းကန် ဆေးနေတဲ့ Arjima ဘက်ကို လှည့်ကာ………

Taeyeon - ' သားကို နွားနို့နဲ့ ပေါင်မုန့် မီးကင်ပဲ ပေးပါ Arjima '

Taeyeon အဲ့သလို ပြောပြီး သူ့ အဖေဘက် ပြန် လှည့် ကြည့်လိုက်တော့ ဟိုက မျက်မှောင် ကျုံ့ကာ သူ့ သားကို ကြည့်လိုက်ရင်း………

Mr.Kim - ' ငါ့ သားရာ တစ်ခါ တစ်လေလေး မနက်စာကို ထမင်းလေး ဘာလေး စားပါလားကွာ မင်းဟာကလည်း တစ်ခါလာလည်း ဒီဟာ နောက် တစ်ခါ…… '

Mr.Kim စကားတောင် မဆုံးသေး Taeyeon က ကြားဖြတ်ကာ………

Taeyeon - ' Appa ကလည်း သား ခဏ ခဏ ပြောရဲ့သားနဲ့ ဒါက… '

ဒီ တစ်ခေါက်ကတော့ Taeyeon ပြောနေတာကို Mr.Kim က ဖြတ် ပြောလိုက်ခြင်းပင်………

Mr.Kim - ' Sica လေး နဲ့ တူအောင်လေ အမေရိခန် breakfast လို့ ပြောလိုက်ပါဦး '

Taeyeon သူ့  ပုံစံအတိုင်း လုပ်ကာ ပြောနေသည့် သူ့ Appa အား ကြည့်ကာ ရယ်ရင်း ခေါင်းခါကာ Arjima လာ ချပေးတဲ့ နွားနို့ကို တစ်ငုံ သောက်လိုက်လေသည်။ ထိုစဉ်မှာပဲ Mr.Kim ဆက် ပြောလိုက်သည့် စကားမှာ သူ့ အပေါ် သက်ရောက်မှု ပြင်းပြင်း ထန်ထန် ကျရောက်သွားသည်။ထို စကားမှာတော့…

Mr.Kim - ' သား ကုမ္ပဏီလာရင် Tiffany ကို ဝင်ခေါ်ခဲ့ဦးနော် '

Taeyeon - ' ဖလူးးးးးးးးး '

ထို စကားကြောင့် Taeyeon မှာ ငုံ ထားတဲ့ နွားနို့များ ပြန်ထွက် ကုန်လေတယ်။ ဟုတ်သားပဲ ဒီ ကိစ္စ… ဒီ ကိစ္စကို Appa နဲ့ ရှင်းရဦးမှာ……

Taeyeon - ' Godddddd ဟုတ်သားပဲ Appa နဲ့ သား အဲ့ ကိစ္စ စာရင်း ရှင်းစရာ ရှိသေးတယ် '

Taeyeon ထိုသို့ ပြောတော့ Mr.Kim မှာ သိနေတယ် ဟူသော မျက်နှာပေးဖြင့် သူ့ သားအား စိုက်ကြည့်ကာ………

Mr.Kim - ' ရှင်းစရာ? ဘာများလဲ ငါ့ သားရ '

Taeyeon - ' သား အတွက် စဉ်းစား ပေးထားတယ်ဆိုပြီး ဘာလို့ Tiffany နဲ့လဲ? '

In A Relationship With My Anti Fan (Z+U) ☑ Where stories live. Discover now