Chapter 7 - Love Scenario [Z+U]

2.6K 337 37
                                    

Zawgyi
Chapter 7 ost - love scenario
____________________________________
We met we love
That's enough I loved you
____________________________________

သူ့အား in ​လေးတစ်​​ယောက်​ စကားမ​ပြောသည်​မှာ
တော်​​တော်​ကြာ​နေပြီ​လေ။ သူနဲ့စကား​ပြောဖို့ကိုလည်း ​ရှောင်​တတ်​သလို! မျက်​နှာချင်းဆိုင်​​တွေ့ရင်​​တောင်​ သူ့ကို​ကွေ့သွား​သေးတယ်​။ အရမ်းကို ခံရခက်​တယ်​​​လေ။ အရင်​ကဆို အမြဲတမ်းတပူးပူးရှိ​နေသည့်​က​လေး! အခု​တော့! Sehun ငိုပင်​ငိုချင်​လာသည်​။

"အဟင့်​ အဟင့်​ ဟီး ဗြဲ"

ငိုချင်​​နေတာက သူ။ ငိုချတာက ​ဘေးနားက doyoung! ​ပေါက်​စီကိုလည်း ပါးစပ်​ထဲ ထည့်​လျက်​စနဲ့ မြင်​လို့ရှုလို့မ​ကောင်း​အောင်​ ငိုပြ​နေသည်​။ သူ့ကြည့်​ပြီး sehun ငိုချင်​စိတ်​​တောင်​​​ပျောက်​။ တန်းလန်းဖြစ်​​နေတဲ့ ​ပေါက်​စီကိုသာ ပါးစပ်​ထဲအတင်းထိုး​ပေး​တော့ ရက်​ကန်​ရက်​ကန်​နဲ့။

ဘက်​စကက်​​ဘောလည်း နားသည့်​အချိန်​ဖြစ်​တာ​ကြောင့်​ sehun jongin တို့အတန်းဘက်​ကို ကုတ်​​ချောင်းကုတ်​​ချောင်းနဲ့ ​ချောင်းကြည့်​​နေမိသည်​။ ​ဟော ထွက်​လာပါပြီ စာအုပ်​ပိုက်​ကာ markeu ဆိုသည့်​ ​ကောင်​​လေးရယ်​ အကိုကိုပင်​မသနားလှ​သော(ဖြစ်​တာ​တောင်​နည်း​သေးဟု ဆို​တော်​မူ​သော ) ညီမ​တော်​ရယ်​ သုံး​ယောက်​သားရယ်​​မောကာ ထွက်​လာ​လေသည်​။ ကုန်း​နေတဲ့ sehun ခါးတို့မတ်​သွားသည်​။

အစက​တော့မြင်​ဟန်​မတူ​သော in ​လေသည်​ သူ့အားမြင်​​တော့ အပြုံးတို့ရပ်​သွားကာ နှာ​ခေါင်းရှုံ့ပြီး မျက်​​စောင်းထိုး​လေသည်​။

"Heymi ya"

သနား​အောင်​ငိုမဲ့မဲ့မျက်​လုံး​တွေနဲ့ Heymi ကိုသွား
ဆွဲ​တော့ လက်​ကိုပုတ်​ချလိုက်​တဲ့ ညီမ​တော်​​လေး။

"မထိနဲ့ရွံတယ်​"

ပြောသွားတာများ။ က​တောက်​! ရွံတယ်​တဲ့! ​ပြောရက်​တဲ့ညီမ သူကြိုက်​တဲ့ BL manga ​တွေမ၀ယ်​​ပေးဘဲ ​နေပစ်​မယ်​။ ဘာမှတ်​​နေလဲ!
ဘေးနားက ဖြတ်​​လျှောက်​သွားတာ​တောင်​ ပုခုံးချင်းထိမိမည်​စိုး​သော​ကြောင့်​ ပုခုံးကိုပင်​ ကျုံ့ကာသွား​သော jongin ​ကြောင့်​ sehun ထို​နေရာ၌ပင်​ ထိုင်​ချကာ ငိုလိုက်​​တော့သည်​။

두 번째 소유권 ( Second Ownership )Where stories live. Discover now