Chapter 5 - O sole mio [Z+U]

2.9K 348 18
                                    

Zawgyi
Chapter 4 ost ( o sole mio)
____________________________________
Everything starts with you everyday.
I'm living in yours between nose and forehead.
____________________________________
"ခဏ​လောက်​အပြင်​ ထွက်​ခဲ့ပါလား in-na"

မက်​​ဆေ့ခ်​ ပို့ပြီးသည်​နှင့်​ ကားပြင်​ထွက်​ကာ jongin ကို ရပ်​​စောင့်​​နေလိုက်​သည်​။ သူသိတာ​ပေါ့ ထို​ကောင်​​လေး စိတ်​​ကောက်​​နေမယ်​ဆိုတာ။ ကိုယ်​တိုင်​ကလည်း လျှာရှည်​ပြီး လုပ်​လိုက်​မိတာကိုး။ စိတ်​​ကောက်​တာ ခံစမ်း oh sehun! ဟူး...ရူးချင်​တယ်​။

Basketball ပွဲတုန်းက ​ရေဘူးကမ်​​ပေးတဲ့ in ​လေးပုံစံက အရမ်းချစ်​ဖို့​ကောင်းတာမို့ ​ရေဘူးယူရင်း မျက်​နှာကပ်​လိုက်​မိတာ ဟိုက​လေးက ရှက်​သွားသည်​။ အဲ့တာကို မီး​လောင်​ရာ​လေပင့်​တဲ့ Heymi က အမိအရကို ဓာတ်​ပုံရိုက်​ပြီး သူ​ပြော​ပြော​နေတဲ့ ဘာလဲ သူတို့နှစ်​​ယောက်​ကို သ​ဘောတူတဲ့ fancafe ထဲ ပို့​ပေးလိုက်​တာ အွန်​လိုင်း​ပေါ်မှာ ပွထ​နေလို့ ရှက်​ပြီး စိတ်​​ကောက်​သွား​လေသည်​။
ညီမတစ်​​ယောက်​ရှိတာ ကံကိုမ​ကောင်း။ အကျိုးမ​ပေးတဲ့ ချီးထုပ်​ညီမ။

ကားကိုမှီပြီး ​ခြေ​ထောက်​ကိုသာ စွရင်း in ​လေးကို ​စောင့်​​နေမိတယ်​။
တစ်​ကိုယ်​လုံးကို လုံ​အောင်​၀တ်​လာလိုက်​တာ မျက်​နှာ​လေးပဲ​ပေါ်တယ်​။
ကောက်​ညှင်းထုပ်​​လေးကျ​နေတာပဲ။ ချစ်​ဖို့​ကောင်းချက်​!
သူ့ပုံကိုကြည့်​ပြီး အရမ်းအသည်းယားလွန်းလို့ ပြုံးလိုက်​မိသည်​။ မျက်​​စောင်းက ထိုင်းခနဲ။

"ဘာကိစ္စရှိလို့လဲ ကျွန်​​တော်​မအားဘူး။ အိမ်​စာ​တွေလုပ်​ဖို့ရှိ​သေးလို့"

ဒီအချိန်​က ဂိမ်းကစား​နေကြအချိန်​ပါ jongin ရယ်​။ သူ့ကိုညာ​နေတဲ့ ထို​ကောင်​​လေးကို ရယ်​ချင်​​ပေမဲ့ မိသွားရင်​ အပြစ်​ပိုကြီးနိုင်​တာမို့ ပါးစပ်​သာပိတ်​​နေလိုက်​တယ်​။

ခေါင်းကိုအ​ပေါ်​မော့ကာ ကျွန်​​တော့်​ကိုမကြည့်​ မျက်​နှာလွှဲ​နေသည်​။

두 번째 소유권 ( Second Ownership )Where stories live. Discover now