Chapter 6 - Dream [Z+U]

2.6K 348 7
                                    

Zawgyi
Chapter 6 ost (dream)
______________________________________
ငါမမြင်​နိုင်​​လောက်​​အောင်​ မင်းက အရမ်းကို​ဝေးကွာသွား
ပြီ​လေ။
_____________________________________
ညကြီးသန်း​ခေါင်​ ဖုန်းထမည်​လာသည်​မို့ Jongin ​ကြောင်​သွားသည်​။ နာရီကိုကြည့်​​တော့ ၁နာရီပင်​ထိုး​တော့မည်​။ ဘယ်​သူကများ။
ဖုန်းနံပါတ်​ကိုကြည့်​​တော့ sehun hyung ဖြစ်​​နေသည်​မို့ အမြန်​ပင်​ကိုင်​လိုက်​သည်​။

"ဟယ်​လို Hyung ဘာဖြစ်​လို့လဲ"

"အဲ့ဘက်​က in-na ဆိုတဲ့လူလားမသိဘူး။ ဟို​လေ ဒီကအကိုက အကို့ကိုဖုန်း​ခေါ်ခိုင်းလို့ပါ။ "

"​အော်​...ဟုတ်​ ဘယ်​ကိုလာခဲ့ရမလဲ"

"....."

Jongin ​ဖုန်းထဲက​ကောင်​​လေး​ပြောတဲ့​နေရာကို မှတ်​လိုက်​ပြီး အ​နွေး​ထည်​​ကောက်​၀တ်​ကာ ထို​နေရာကိုသွားဖို့ပြင်​လိုက်​သည်​။

"ဘယ်​သွားမလို့လဲ jongin ​လေး"

အခန်းထဲက​နေ အိပ်​ချင်​မူးတူးနဲ့ထွက်​လာတဲ့ appa chanyeol အ​မေးကို သူ​ဖြေရခက်​​နေသည်​။ ညဘက်​ကြီး တစ်​​ယောက်​ထဲလည်း club ကိုမသွားချင်​တာမို့ appa ကိုပါ ​ခေါ်သွားဖို့စိတ်​ကူးလိုက်​သည်​။

လူချမ်းသာသားသမီး​တွေဘဲ လာသည့်​ ကလပ်​ဖြစ်​လို့လား​တော့မသိ သန့်​ပြန့်​​နေသည်​။ ဟိုဟိုဒီဒီ​ဝေ့ကြည့်​ရင်း Hyung ကို ရှာ​နေ​ပေမဲ့လည်း မ​တွေ့။ သူက အသက်​မပြည့်​​သေး​သော်​လည်း appa ၏ အသိပိုင်​ရှင်​​ကြောင့်​ ကလပ်​ထဲလူဝင်​ရှာလို့ရခြင်းဖြစ်​သည်​။

လိုက်​ရှာရင်း အကြည့်​​ရောက်​သွားသည်​က အ​မှောင်​ကျ​နေသည်​ ​ချောင်​တစ်​​ချောင်​။ သူနှာ​ခေါင်းရှုံ့မိလိုက်​သည်​။ ဘယ်​​လောက်​ပဲဖြစ်​ပါ​စေဦး ဒီလိုမျိုးက​တော့မသင့်​​တော်​ဘူးမလား။ အ​နောက်​က appa အင်္ကျီကိုဆွဲကာ ​မေးကြည့်​လိုက်​​တော့လည်း appa လည်း Hyung ကိုမ​တွေ့​ပေ။ စိတ်​ဓာတ်​​တော့နည်းနည်းကျသွားသည်​။

두 번째 소유권 ( Second Ownership )Where stories live. Discover now