Stephanotis Ch-4

572 87 2
                                    

Unicode (zawgyi below)

Lucas' POV

ယူကရိန်းကနေ ညဘက်ကတည်းကထွက်ခဲ့ပေမယ့် ကိုရီးယားဘက်ကို ၈ နာရီ ၉ နာရီကြာမှကျွန်တော်ရောက်ခဲ့သည်။ လေယာဉ်ပေါ်မှာနေခဲ့ရတဲ့ ၈ နာရီလုံးလုံး ကျွန်တော့်စိတ်တွေကို သူ့ဆီပို့ထားခဲ့တယ်။ ဒီတစ်ခါတော့လွမ်းတယ်ဆိုတဲ့စိတ်ကလေးနဲ့မျှော်နေတာမဟုတ်တော့ဘဲ အရမ်းစိတ်ပူတယ်ဆိုတဲ့စိတ်နဲ့သူ့လက်ကိုအားရပါးရထွေးပွေ့ကိုင်ပြီးအားပေးချင်ခဲ့တာ။

မှတ်မှတ်ရရ ဒီနေ့က ၃ နှစ်ပြည့်ဖို့ ၆ လတိတိသာလိုတဲ့ရက်ဖြစ်သည်။

Jung Woo အမေပြောတဲ့ ဆေးရုံရှေ့လည်းရောက်ရော ကျွန်တော်ဆေးရုံထဲကိုတရှိန်ထိုးပြေးဝင်ခဲ့မိတယ်။ သူ့ကိုအရမ်းအားပေးချင်ခဲ့တာ။

Jung Woo ဆေးကုသမှုခံယူနေတဲ့ လူနာအခန်းရှေ့ရောက်တော့ Jung Woo အဖေကအခန်းရှေ့မှာ စိတ်ပျက်လက်ပျက်နဲ့ရပ်နေတာကိုတွေ့လိုက်ရတယ်။ ဒါကိုမြင်လိုက်ရတော့ကျွနိတော့်စိတ်တွေ ပိုပူပြင်းသွားရတယ်။

"သား! Lucas"

ကျွန်တော့်ရဲ့ပြေးလာတဲ့ခြေသံကြောင့် ဦးလေးကကျွန်တော့်ကိုလှည့်ကြည့်လာပြီး ကျွန်တော်နာမည်ကိုခေါ်လိုက်တယ်။ ပြီးတော့ ဘာမှမဟူတ်တော့တဲ့အတိုင်း ခေါင်းပြန်ငုံ့သွားတယ်။ ဦးလေးရဲ့မျက်နှာမှာ အပူရိပ်တွေကမြင်နေရတော့ ကျွန်တော်ရင်ထဲမှာဖော်ပြလို့မရနိုင်တဲ့အခိုးအငွေ့တွေပိုရိုက်ခတ်လာတယ်။

"Jung Woo ရော?"

ကျွန်တော်က အလောတကြီးမေးလိုက်ပေမယ့် ဦးလေးကတော့ စိတ်မကောင်းတဲ့ပဲုစံနဲ့ ဟိုဘက်ကနံရံကိုသာငေးကြည့်နေခဲ့သည်။

Jung Woo အဖေကပါဒီလိုတွေဖြစ်နေတော့ ကျွန်တော့်စိတ်တွေအရမ်းထွေပြားသွားပြီး အခန်းထဲဝင်ဖို့အခန်းတံခါးရဲ့လက်ကိုင်ကိုဆွဲကိုင်လိုက်သည်။

တံခါးလက်ကိုင်ပေါ်က ကျွန်တော့်လက်တွေကို Jung Woo အဖေက အခန်းတံခါးကိုကျွန်တော်မဖွင့်လိုက်ခင်မှာတငိ အမြန်လှမ်းဖမ်းပြီးဆွဲဖယ်ချလိုက်တယ်

ဦးလေးနဲ့ကျွန်တော်အဲ့အခါကျမှ မျက်လုံးချင်းစုံကြည့်မိခဲ့တယ်။ ဦးလေးရဲ့မျက်လုံးထဲမှာ မျက်ရည်စတွေနဲ့။

Stephanotis Where stories live. Discover now