Stephanotis Ch-8

529 79 0
                                    

Unicode (zawgyi ver)

Lucas' POV

ရတနာအရည်အသွေးကောင်းလွန်းပါတယ်ဆိုတဲ့ ရတနာဆိုင်တစ်ဆိုင်ရှေ့မှာ ကျွန်တော်ကားထိုးရပ်လိုက်သည်။ ယူကရိန်းကပြန်လာကတည်းကညနေရောက်သည့်တိုင် တစ်ရေးမှမအိပ်ရသေးလို့ မျက်လုံးတွေဖန်စပ်လာတယ်။

ဒါပေမယ့် ကျွန်တော်စိတ်တွေအရမ်းလောနေလို့အခုလို ရတနာဆိုင်ကိုအရောက်လာလိုက်ရခြင်းဖြစ်သည်။

အရင်ကတည်းက လက်တွဲရင်းခိုးခိုးမှတ်ခဲ့ရတဲ့ သူ့လက်အတိုင်းလေးကိုကျွန်တော်မမေ့မပျောက်မှတ်ထားမိတုန်း

"ဘာကူညီပေးရမလဲရှင့်"

ဆိုင်ကဝန်ထမ်းမလေးကပြုံးချိုချိုလေးနဲ့မေးလာတော့ ကျွန်တော် ကြောင်တောင်တောင်လေးနဲ့ ခင်းကျင်းပြထားတဲ့ ရတနာတွေရှိတဲ့ မှန်ပုံးကိုသာ အတင်းငုံ့ကြည့်လိုက်မိသည်။

"အမျိုးသားဝတ်လက်စွပ် order တင်ချင်လို့"

"ဘယ်ဒီဇိုင်းနဲ့ order တင်မှာလဲရှင့်"

စိတ်လောနေလို့သာအရောက်လာခဲ့ရတယ်။ ကျွန်တော်အမှန်တော့ ဘာဒီဇိုင်းကိုဆင်တူဝတ်ရမှန်းဆိုတာတောင်မစဉ်းစားမိဖူးတာအမှန်။

ဝန်ထမ်းမလေးအကူအညီနဲ့ ဒီဇိုင်းတွေရွေးရင်းနောက်ဆုံးကျွန်တော်စိတ်တိုင်းကျသွားရတဲ့ ဒီဇိုင်းလေးတစ်ခုကိုကောက်ကိုင်လိုက်မိသည်။

တစ်လုံးစိန်အသေးစားလေးကိုအလယ်မှာထားပြီး ဘေးဘက်မှာ စိန်ခြယ်တွေလိုက်ခြယ်ထားတဲ့ ရိုးရိုးရှင်းရှင်းဒီဇိုင်းကိုသာကျွန်တော်ရွေးလိုက်မိသည်။ ဒါမျိုးလေးဆို Jungwoo လေးသဘောကျမှာဆိုတဲ့အတွေးနဲ့တစ်ချက်ပြုံးလိုက်မိပေမယ့် လက်ရှိအခြေအနေတစ်ခုကကျွန်တော့်ကိုပြန်သတိပေးလိုက်တော့ ကိုင်ထားတဲ့လက်စွပ်လေးရဲ့စိန်ပွင့်ကကြယ်တစ်ပွင့်လိုကြွေကျသွားသလိုခံစားလိုက်ရသည်။

ကျွန်တော်သက်ပြင်းတစ်ချက်ချလိုက်မိတော့ သိသိသာသာမျက်နှာပျက်သွားတာကိုမြင်လိုက်ရတော့ ဝန်ထမ်းမလေးကပါ အနည်းငယ်ပြာယာခတ်သွားသလိုရှိသည်။

"ညီမ တခြားဒီဇိုင်းပြရဦးမလား"

"ဟင့်အင်း ဒါလေးပဲယူမယ် နောက်ပြီး ဒီအနောက်ဘက်မှာနာမည်ထိုးမယ်"

Stephanotis Where stories live. Discover now