Stephanotis Ch-12 (Final Part)

1K 122 5
                                    

Unicode (zawgyi below)

Jungwoo's POV

3 months later

တဖြည်းဖြည်းချင်းပြန်ကောင်းလာတဲ့ ခြေထောက်ကျန်းမာရေးရလဒ်ကြောင့်ကျွန်တော်ဆေးရုံမှာမနေတော့ဘဲ အိမ်မှာသာနေပြီး လမ်းလျှောက်ကျင့်နေတာ လအနည်းငယ်ခန့်ကြာပြီဖြစ်သည်။

မြေပြင်ပေါ်မှာ တစ်လှမ်းကို ၁ မိနစ်လောက်ကြာအောင်လျှောက်ရတဲ့ အခြေအနေကနေ စက္ကန့်ဝက်လောက်သာကြာတော့တဲ့အခြေအနေမို့လို့ ကျွန်တော်ဆေးရုံကဆင်းခဲ့တာဖြစ်တယ်။

အဖေနဲ့ အမေကတော့ဆေးရုံမှာဆက်နေစေချင်သေးပေမယ့် (၁) နှစ်လောက်ကြာအောင်ဆေးရုံမှာနေခဲ့ရတဲ့ကျွန်တော်လည်းအရမ်းငြီးငွေ့နေပြီဖြစ်သည်။

အိမ်ထဲမှာတော့ အထိန်းကိရိယာလေးကိုအားပြုစရာမလိုတော့ပေမယ့် လိုလိုပိုပိုသုံးရင်းလျှောက်တတ်ပေမယ့် အပြင်မှာဆိုရင်တော့ wheel chair တကားကားနဲ့သွားနေရတုန်း။

ဒါ့ကြောင့်လည်း ဆေးရုံကဆင်းလာကတည်းကကျွန်တော်အပြင်တွေသိပ်မသွားတော့တာ နေအလင်းရောင်တောင်ကျွန်တော့်အသားပေါ်မထိတာကြာခဲ့ပြီဖြစ်သည်။

Lucas ကသာကျွန်တော်ပျင်းနေမှာစိုးလို့ဆိုပြီး အပြင်ထွက်ဖို့ခဏခဏလာခေါ်တတ်တယ်။

အခုတော့ဖြင့်

ကျွန်တော့်အိပ်ခန်းထဲက ကျွန်တော့်အဝတ်ဗီရိုကိုစိတ်ကြိုက်ဖွနေတဲ့ Lucas ကိုကျွန်တော်ကုတင်ပေါ်ကနေသာထိုင်ငေးကြည့်နေမိသည်။

သူကတော့ ကျွန်တော်နဲ့လိုက်မယ်ထင်တဲ့အဝတ်တွေကိုသူကိုယ်တိုင်ရွေးပြီးခရီးဆောင်အိတ်ထဲသာကြိတ်ထည့်နေတယ်။

Andovoke Bay ကိုစိတ်ပြေလက်ပျောက်သွားကြရအောင်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော့်အတွက် ခရီးမှာလိုအပ်မယ့်ပစ္စည်းတွေကိုသူကိုယ်တိုင်လာစီစဉ်ပေးနေလေရဲ့။

လူကောင်းလိုမသွားနိုင်မှန်းသိလျက်နဲ့ ဒီခရီးကိုသူစီစဉ်ခဲ့တာဟာ ကျွန်တော့်ရဲ့စိတ်ပျော်ရွှင်မှုတွေကိုသူတစ်ဖက်တစ်လမ်းကနေမရမက ရှာဖွေသယ်ဆောင်ပေးနေခြင်းဖြစ်သည်။

"ကိုယ်ဒီအင်္ကျီလေးပြန်ထည့်လိုက်မယ်နော်"

ကျွန်တော့်ကိုတောင်လှည့်မကြည့်ဘဲ ကောက်ထည့်လိုက်တဲ့ အင်္ကျီက လွန်ခဲ့တဲ့ (၃) နှစ်ခွဲကျော်လောက်က သူနဲ့ကျွန်တော် Andovoke Bay ကိုပထမဆုံးသွားတုန်းက ကမ်းခြေဒီဇိုင်းနဲ့ရှပ်အင်္ကျီတစ်ထည်သာဖြစ်သည်။

Stephanotis Where stories live. Discover now