Part 15

148 6 1
                                    

တစ်ခါ တစ်ရံတော့ အချစ်သည် ထိုသို့ဖြင့်
အပိုင်း (15)

လဲကျ သွား သော စိမ့်ဟန်နီ မှာ ဏီ နဲ့ ရာဇသွေး ကို စူးစူးရဲရဲ ကြည့်လိုက် ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသော လူ များ ကို ကြည့်လိုက် နှင့် ထို နေရာ မှာ ဒေါသတကြီး ထွက်သွား လေ တော့သည်။

စိမ့်ဟန်နီ ထွက် သွား သည် နှင့် စောန အထိုးခံ လိုက်ရ သော ကား သမား မှာ ရဲ ကား များ ဖြင့် ပြန် ရောက်လာ လေသည်။

ရဲ များ မှာ မောင့် ကို စစ်ဆေး ကာ စခန်း မှာ ဆက်ရှင်း ဖို့ ခေါ် သွား ကြ သည် နှင့် ကိုကို ကလည်း ဏီ ကို အတင်း ခေါ် လာ လေ ရာ ဏီ မှာ မောင့် ကို လည်း စိတ်ပူ ရင်း ကပင် ယက်ကန်ယက်ကန် နှင့် ပါ လာ ရတော့သည်။

မောင် က လည်း ဏီ ကို တကြည့်ကြည့် ဖြစ် ရဲ များ ဆွဲ ခေါ် ရာ ကားပေါ် သို့ ပါ သွား လေသည်။

ကားပေါ် ရောက်သည် နှင့် ဏီ က မကျေနပ်ချက်
ကို ချက်ခြင်းဆို သလို ဖွင့်ထုတ် မိသည်။

"ကိုကို ဘာ ဖြစ်နေတာလဲ "

"ဘာဖြစ်နေတာလဲ ဟုတ်လား ဏီ၊ ကိုကို ညီမလေး ကို စိတ်ပူနေတာ လေ ၊ ဏီ ဘာ မပြော ညာ မပြော အိမ်က ထွက်သွား တယ် ၊ ပြီးတော့ ဒီ ကို ရောက် နေတယ်..."

"နေပါအုံး၊ ဏီ ဒီ ကို လာ မယ် ဆိုတာ ကိုကို က ကြိုသိ နေတာလား "

"မသိ..မသိပါဘူး၊ ကိုကို့ မိတ်ဆွေ တစ်ယောက် ဏီ ကို မြင် လိုက်တယ်လို့ ph ဆက်ပြောလို့ ချက်ခြင်း လိုက်လာတာ"

တကယ်တော့ သူ ညာ လိုက်ခြင်းသာ။
ဏီ ပျောက်သွား ကတဲ က ရာဇသွေး ဆီ သွားမယ် ဆိုတာ သူ သိ နေပြီးသား။

ဏီ က လည်း သိပ်ယုံ ပုံ မပေါ်။

"ကိုကို လိမ်တာ ၊ ဘာလို့ စကား တွေ ထစ်သွား တာ လဲ၊ ဘာလို့ စိတ်လှုပ်ရှား သွား တာလဲ"

ဏီ က လှစ်သည်။ ပြီးတော့ ပါးနပ်သည်။ထို့ထက် ပိုသည်က တစ်သက်လုံး နီးပါး အတူ နေ လာ သူ များ ဖြစ် နေလေရာ သူ့ အမူအယာ ကို အလွတ် နီးပါး ရှိနေသူ မို့ ဏီ ရှေ့ မှာ အမှား လုပ် လို့ မဖြစ် တာ ကို ပထမဆုံး သတိထား လိုက်ရသည်။

"မဟုတ် တာ ညီမလေး ရာ၊ ကိုကို က ဘာလို့ လိမ်ရမှာလဲ၊ ကိုယ့် ညီမလေး က ကျန်းမာ ရေး ကောင်း တာ မဟုတ်ဘူး၊ ဒါကြောင့် ကိုကို့ မှာ အမြဲ ညီမလေး အတွက် တစ်ခုမဟုတ် တစ်ခု တွေး ပြီး စိတ်ပူ နေရ တာ လေ ကွာ"

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now